မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံတွင် တစ်နေ့တည်း COVID 19 အတည်ပြုလူနာ (၉,၆၃၅) ဦး ထပ်တိုး 

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံတွင် တစ်နေ့တည်း COVID 19 အတည်ပြုလူနာ (၉,၆၃၅) ဦး ထပ်တိုး 

COVID 19 တတိယလှိုင်းဖြစ်နေသည့် ထိုင်းနိုင်ငံတွင် ၂၀၂၁ ခုနှစ် မေလ (၁၇) ရက်နေ့၌ အတည်ပြုလူနာ (၉,၆၃၅) ဦးအထိ စံချိန်တင်ထပ်တိုးလာပြီး ယင်းတို့အနက် သုံးပုံနှစ်ပုံနီးပါးမှာ နိုင်ငံတဝန်းအကျဉ်းထောင်အသီးသီးမှ တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။



ယနေ့တစ်နေ့တာအတွင်း ထပ်တိုးလာသည့် အတည်ပြုလူနာ (၉၆၃၅) ဦးအနက် (၆၈၅၃)ဦးမှာ အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးမှဖြစ်ကြောင်း သိရပြီး ထိုင်းအကျဉ်းထောင်အသီးသီးတွင် လက်ရှိအချိန်ထိ ထိန်းသိမ်းခံထားရသူ (၃၁၀,၀၀၀) ဦးရှိနေကြောင်း သိရသည်။



အတည်ပြုလူနာတိုးလာသည့်အပြင် တစ်နေ့တာအတွင်း COVID 19 ကြောင့် သေဆုံးရသူ (၂၅) ဦးရှိသည့်အတွက် စုစုပေါင်း သေဆုံးရသူ (၆၁၄)ဦးရှိလာပြီဖြစ်သည်။



ထိုင်းနိုင်ငံအတွင်း COVID 19 အတည်ပြုလူနာ စုစုပေါင်း (၁၁၁,၀၈၂) ဦးရှိနေပြီဖြစ်သည်။

 Ref; bangkokpost