တာချီလိတ်မြို့နယ်အတွင်း ပါကွေ့(အပေါ်)ကျေးရွာအနီးတွင် အမျိုးသမီးတစ်ဦးအား မူးယစ်ဆေးဝါးများဖြင့် ဖမ်းမိ

တာချီလိတ်မြို့နယ်အတွင်း ပါကွေ့(အပေါ်)ကျေးရွာအနီးတွင် အမျိုးသမီးတစ်ဦးအား မူးယစ်ဆေးဝါးများဖြင့် ဖမ်းမိ
အောက်တိုဘာ 13, 2020
By Tachileik News Agency

တာချီလိတ်မြို့နယ်အတွင်း ပါကွေ့(အပေါ်)ကျေးရွာအနီးတွင် အမျိုးသမီးတစ်ဦးအား မူးယစ်ဆေးဝါးများဖြင့် ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း ပါကွေ့(အပေါ်)ကျေးရွာအနီးတွင် အမျိုးသမီးတစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း ပါကွေ့(အပေါ်)ကျေးရွာအနီး တာချီလိတ် - ပါခေါင် - ပါလသွားလမ်းတွင် ၂၀၂၀ခုနှစ် အောက်တိုဘာလ(၁၂)ရက်နေ့ နေ့လည်ပိုင်းက ရောက်ရှိလာသည့် ဆိုင်ကယ်အား မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ရပ်တန့်စစ်ဆေးရှာဖွေရာက မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းတွင် ဆိုင်ကယ်မောင်းလာသည့် အားချူးယာ ဆိုသူအား ရပ်တန့်စစ်ဆေးရှာဖွေရာက ၎င်း၏ လွယ်အိတ်အတွင်းထဲက ဘိန်းဖြူ အလေးချိန် စုစုပေါင်း (၁၀၀)ဂရမ်ဝန်းကျင် အပါအဝင် စိတ်ကြွရူးသွပ်ဆေးပြား (၁၀,၀၀၀)ပြားတို့ကိုလည်း တွေ့ရှိ သိမ်းဆည်းရမိ၍ တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~