{ကြော်ငြာ} ကျိုင်းတုံကတ်သလစ်သာသနာ၏ သာသနာပိုင်ဆရာတော်ကြီး ပီတာလွီးစ်ကျာခူ၏ အန္တိမ ဈာပနအခမ်းအနား ဖိတ်ကြားခြင်း

{ကြော်ငြာ} ကျိုင်းတုံကတ်သလစ်သာသနာ၏ သာသနာပိုင်ဆရာတော်ကြီး ပီတာလွီးစ်ကျာခူ၏ အန္တိမ ဈာပနအခမ်းအနား ဖိတ်ကြားခြင်း
ဖေဖော်ဝါရီ 20, 2020
By Tachileik News Agency
{ကြော်ငြာ}
ကျိုင်းတုံကတ်သလစ်သာသနာ၏ သာသနာပိုင်ဆရာတော်ကြီး ပီတာလွီးစ်ကျာခူ၏ အန္တိမ ဈာပနအခမ်းအနား ဖိတ်ကြားခြင်း

ကျိုင်းတုံကတ်သလစ်သာသနာ၏ သာသနာပိုင်ဆရာတော်ကြီး ပီတာလွီးစ်ကျာခူ (သက်တော် ၆၈)နှစ်၏ အန္တိမ ဈာပနအခမ်းအနားကို ကျိုင်းတုံမြို့၊ စွမ်ဆတ်ကုန်း၊ အမှတ် (၁)ရပ်ကွက်ရှိ ကတ်သလစ်သာသနာ ကျောင်းဝင်းတွင် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့ နံနက် (၇)နာရီမှစ၍ ကျင်းပမည်ဖြစ်ပါ၍  ကြွရောက် ဆုတောင်းပေးကြပါရန် ဖိတ်ကြားအပ်ပါသည်။

ဆရာတော် ပီတာလွီးစ်ကျာခူအား ၁၉၅၂ခုနှစ် မတ်လ(၂၃)ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံကက်သလစ်သာသနာ မိုင်းခတ်သာသနာအုပ်စုရှိ နာလိရွာတွင် မွေးဖွားခြင်းဖြစ်ပြီး ၁၉၈၂ခုနှစ် ဧပြီလ(၄)ရက်နေ့တွင် ကျိုင်းတုံကက်သလစ်သာသနာ၏ ရဟန်းတစ်ပါးအဖြစ် ရဟန်းသိက္ခာကို စတင် ခံယူခဲ့သည်။

၁၉၉၇ ခုနှစ် မေလ(၂၀)ရက်နေ့တွင် ကျိုင်းတုံကက်သဘစ်သာသနာ၏ အကူဆရာတော်အဖြစ် ရွေးချယ်တင်မြောက်ခြင်း ခံခဲ့ရပြီးနောက် ၁၉၉၇ခုနှစ် ဒီဇင်ဘာလ(၈)ရက်နေ့တွင် အဘိဒတ်ဘွဲ့အမည် အပ်နှင်းခံရပြီး ၂၀၀၁ခုနှစ် အောက်တိုဘာလ(၂)ရက်နေ့တွင် ကျိုင်းတုံကက်သဘစ် ဆရာတော်အဖြစ် ရွေးချယ်တင်မြောက်ခြင်းခံရသည်။

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် လူထုဆက်သွယ်ရေး ကော်မရှင်၏ ဥက္ကဌ လည်းဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~