တာချီလိတ်ခရိုင်အတွင်း တာလေမြို့တွင် အဆင့်(၃.၁)ရှိ ငလျင် လှုပ်ခတ်သွား

တာချီလိတ်ခရိုင်အတွင်း တာလေမြို့တွင် အဆင့်(၃.၁)ရှိ ငလျင် လှုပ်ခတ်သွား
ဇူလိုငျ 11, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၁)ရက် နေ့ နေ့လည် (၁၂း၃၀)နာရီ ၀န်းကျင်အချိန်က အင်အား ရစ်(ခ်)တာစကေး (၃.၁)အဆင့်ရှိ ငလျင်တစ်ကြိမ် လှုပ်ခတ်သွားကြောင်း သိရသည်။

"အသံလာပြီး (၁)စက္ကန့် (၂)စက္ကန့်လောက်မှ လှုပ်သွားတာ၊ ဒုန်းဆိုပြီး အသံထွက်လာတာ လန့်ဖို့ကောင်းတယ်၊ တခြား ထိခိုက်မှုတော့ ဘာမှမကြားပါဘူး၊ ခဏပဲ လှုပ်သွားတာ"ဟု တာလေမြို့ ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး ဦးစိုင်းသန့်ဇင်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလမြေို့တွင် ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၁)ရက် နေ့ နေ့လည် (၁၂း၃၀)နာရီ ဝန်းကျင်အချိန်က အင်အား ရစ်(ခ်)တာစကေး (၃.၁)အဆင့်ရှိ ငလျင်တစ်ကြိမ် လှုပ်ခတ်သွားကြောင်း သိရသည်။

"အသံလာပြီး (၁)စက္ကန့် (၂)စက္ကန့်လောက်မှ လှုပ်သွားတာ၊ ဒုန်းဆိုပြီး အသံထွက်လာတာ လန့်ဖို့ကောင်းတယ်၊ တခြား ထိခိုက်မှုတော့ ဘာမှမကြားပါဘူး၊ ခဏပဲ လှုပ်သွားတာ"ဟု တာလမြေို့ ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး ဦးစိုင်းသန့်ဇင်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာလေတွင် ငလျင်လှုပ်ခတ်သွားကြောင်းကို ထိုင်းနိုင်ငံ ငလျင်တိုင်းတာရေးဌာနက ထုတ်ပြန်ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လ(၂၄)ရက်နေ့ ညနေ(၈)နာရီခွဲအချိန်က အင်အားရစ်(ခ်)တာစကေး (၆.၈)အဆင့်ရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပေါ်ခဲ့ဖူးသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net