တာချီလိတ်မြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးရေးအစီအစဉ်၌ ပါဝင်ရမည့် သတ္တုလုပ်ငန်းရှင်များက သစ်ပင်စိုက်ပျိုးရေးအတွက် မြေနေရာတောင်းခံထား
တာချီလိတ်မြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးရေးအစီအစဉ်၌ ပါဝင်ရမည့် သတ္တုလုပ်ငန်းရှင်များက သစ်ပင်စိုက်ပျိုးရေးအတွက် မြေနေရာတောင်းခံထား
ဇှနျ 12, 2019
By Tachileik News Agency
သတ္တုလုပ်ငန်းရှင်များ အနေဖြင့် မိုးတွင်းကာလ သစ်ပင်စိုက်ပျိုးရန်အတွက် မြေလွတ်၊ မြေရိုင်းများ ရှာဖွေပေးရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ (၁) နှစ်စာ ဧက (၅၀) နှုန်းဖြင့် (၅) နှစ်စာ ဧက (၂၅၀) ကိုတင်ပြတောင်းခံထားခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်လ (၁၉) ရက်နေ့နှင့် ဇူလိုင်လ (၆) ရက်နေ့များတွင် (၂) ကြိမ်စိုက်ပျိုးသွားမည်ဖြစ်ပြီး တာလေမြို့တွင်း ကျေးရွာ (၁၉) ရွာတွင် သတ္တုကုမ္ပဏီ (၁၉) ခုမှ အပင်ပေါင်း (၁၀,၃၀၀)၊ ကျိုင်းလပ်မြို့ရှိ ကျေးရွာ (၄) ရွာတွင် သတ္တုကုမ္ပဏီ (၃) ခုမှ အပင်ပေါင်း (၅,၀၀၀)၊ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ကျေးရွာ (၃) ရွာတွင် သတ္တုကုမ္ပဏီ (၂) ခုမှ အပင်ပေါင်း (၂,၇၀၀) စိုက်ပျိုးရန် ညွှန်ကြားထားကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း မိုးရာသီကာလတွင် အပင်ပေါင်း (၇၀,ဝဝဝ) ကျော်ကို စိုက်ပျိုးသွားမည့် အစီအစဉ်တွင် ဒေသတွင်းလုပ်ငန်းဆောင်ရွက်နေသည့် သတ္တုတူးဖော်ရေးကုမ္ပဏီများက အပင်ပေါင်း (၁၈,ဝဝဝ) ပါဝင်စိုက်ပျိုးစေရန်စီစဉ်ထားရာ သတ္တုလုပ်ငန်းရှင်များအသင်းက အပင်စိုက်ရန်မြေနေရာတောင်းခံထားကြောင်း သိရသည်။
"သက်ဆိုင်ရာသတ္တုကုမ္ပဏီတွေပေါ့။ Complain တွေတက်တာပေါ့။ ဒီနေ့အစည်းအေဝးလုပ်တဲ့ဟာကို ပြန်လေ့လာသုံးသပ်မယ်ဆိုရင် သူတို့က သတ်မှတ်ထားတာ အပင် (၁၀ယဝဝဝ) ကျော်မှာ မြပြေင်မှာစိုက်မှာက ဒီနေ့တင်ပြတဲ့စာရင်းအရ မြေနေရာအခက်အခဲကြောင့်ဆိုပြီး အပင်ပေါင်း (၇ယဝဝဝ) ကျော်လောက်ပဲစိုက်မယ်။ ကျန်တဲ့အပင်တွေကို လူထုဖြန့်နဲ့သွားမယ်ဆိုတော့ သိပ်ပြီးစိတ်တိုင်းမကျဘူးပေါ့။ သတ္တုတစ်ကွက်၊ ရွှေလုပ်ကွက်တစ်ကွက်ချထားပေးရင် လိုင်စင်ပါစည်းကမ်းချက်တွေက အများကြီးပါပဲ။ တူးဖော်ပြီးရင် အဲဒီနေရာကိုမြပြေန်ဖို့ပြီးတော့ သစ်ပင်စိုက်ရမှာ။ ပြီးမှလုပ်ရင် လုပ်ငန်းရှင်အတွက် အခက်အခဲဖြစ်နိုင်တာပေါ့။ အခုကတည်းက ကိုယ်တူးပြီးသားနေရာကို မြပြေန်ဖို့ပြီး စိုက်မယ်ဆိုရင်တော့ အောင်မြင်နိုင်တာပေါ့"ဟု တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
သတ္တုလုပ်ငန်းရှင်များ အနဖြေင့် မိုးတွင်းကာလ သစ်ပင်စိုက်ပျိုးရန်အတွက် မြေလွတ်၊ မြေရိုင်းများ ရှာဖွေပေးရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ (၁) နှစ်စာ ဧက (၅၀) နှုန်းဖြင့် (၅) နှစ်စာ ဧက (၂၅၀) ကိုတင်ပြတောင်းခံထားခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်လ (၁၉) ရက်နေ့နှင့် ဇူလိုင်လ (၆) ရက်နေ့များတွင် (၂) ကြိမ်စိုက်ပျိုးသွားမည်ဖြစ်ပြီး တာလမြေို့တွင်း ကျေးရွာ (၁၉) ရွာတွင် သတ္တုကုမ္ပဏီ (၁၉) ခုမှ အပင်ပေါင်း (၁၀,၃၀၀)၊ ကျိုင်းလပ်မြို့ရှိ ကျေးရွာ (၄) ရွာတွင် သတ္တုကုမ္ပဏီ (၃) ခုမှ အပင်ပေါင်း (၅,ဝဝဝ)၊ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ကျေးရွာ (၃) ရွာတွင် သတ္တုကုမ္ပဏီ (၂) ခုမှ အပင်ပေါင်း (၂,၇၀၀) စိုက်ပျိုးရန် ညွှန်ကြားထားကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ပြုလုပ်ရန်အတွက် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သတ္တူလုပ်ငန်းရှင်းများဘက်မှာ တာဝန်ရှိသူများက တာချီလိတ်မြို့ရှိ စုပေါင်းရုံးတွင် ၂၀၁၉ခုနှစ် ဇွန်လ(၁၂)ရက်နေ့တွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net