ညမထွက်ရ အမိန့် အပါအဝင် မူးယစ်မှုတို့ဖြင့် ဖမ်းဆီးရမိ၍ ပြစ်ဒဏ်စေ့သွားသည့် ထိုင်းနိုင်ငံသား (၂) ဦးကို တာချီလိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်း

ညမထွက်ရ အမိန့် အပါအဝင် မူးယစ်မှုတို့ဖြင့် ဖမ်းဆီးရမိ၍ ပြစ်ဒဏ်စေ့သွားသည့် ထိုင်းနိုင်ငံသား (၂) ဦးကို တာချီလိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်း
ဇူလိုင် 31, 2020
By Tachileik News Agency
ညမထွက်ရ အမိန့် အပါအဝင် မူးယစ်မှုတို့ဖြင့် ဖမ်းဆီးရမိ၍ ပြစ်ဒဏ်စေ့သွားသည့် ထိုင်းနိုင်ငံသား (၂) ဦးကို တာချီလိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်း

မြန်မာ - ထိုင်းနယ်စပ်  တာချီလိတ်မြို့တွင် မူးယစ်မှု၊ ညမထွက်ရအမိန့်ချိုးဖေါက်မှုတို့ဖြင့် ဖမ်းခံရသည့် ထိုင်းနိုင်ငံသား (၂)ဦး သတ်မှတ်ပြစ်ဒဏ်စေ့ပြီဖြစ်၍ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားမှတစ်ဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်သို့ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့တွင် ပြန်လည်လွှဲပြောင်းပေးသည်။

" ၂၀၁၅ ခုနှစ်က မယ်ဆိုင်တံတားမှာ ဖမ်းမိတာ ဆေးမှုနဲ့ပါ။ မန္တလေးဗဟိုအကျဉ်းထောင်မှာ ကျတာ။"ဟု မူးယစ်မှုဖြင့် မန္တလေးအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံခဲ့ရသည့် ထိုင်းနိုင်ငံသား ဆောင်စခရစ်ခွန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးများဖြင့် ၂၀၁၅ ခုနှစ်အတွင်းက ဖမ်းဆီးခံရပြီးနောက် မန္တလေးအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံခဲ့ရသည့် ထိုင်းနိုင်ငံသား ဆောင်စခရစ်ခွန်အပြင် တာချီလိတ်မြို့တွင် COVID-19 ကာလအတွင်း ညမထွက်ရအမိန့် ချိုးဖေါက်မှုဖြင့် အဖမ်းခံရသည့် ထိုင်းနိုင်ငံသား ချိုတီဝမ်ကိုလည်း ပြစ်ဒဏ်စေ့၍ လွှဲပြောင်းပေးလိုက်ပြီဖြစ်သည်။

ချိုတီဝမ်သည် တာချီလိတ်၌ ပုဒ်မ (၁၄၄) ဖြင့် ညမထွက်ရကြေညာထားသည့်ကာလအတွင်း ၂၀၂၀ ခုနှစ် ဧပြီလ (၂၈) ရက်နေ့က မိုးအနည်းငယ်ရွာ၍ ပြောင်းဆံဂိုဒေါင်ကို သွားကြည့်စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

လက်ရှိတွင် ညမထွက်ရ အမိန့်များ ဆက်လက်၍ သက်ဝင်နေဆဲဖြစ်သော်လည်း သက်ဆိုင်ရာများက စစ်ဆေးအရေးယူမှုများ မရှိတော့သည်ကို ဇူလိုင်လ(၃၀)ရက်နေ့အထိ တွေ့ရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~