လတ်တလောမှာ တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)ကို ပြန်ဖွင့်ဖို့ အစီအစဉ်မရှိသေး

လတ်တလောမှာ တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)ကို ပြန်ဖွင့်ဖို့ အစီအစဉ်မရှိသေး
ဇူလိုင် 31, 2020
By Tachileik News Agency

လတ်တလောမှာ တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)ကို ပြန်ဖွင့်ဖို့ အစီအစဉ်မရှိသေး

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရဲ့ အဓိက နယ်စပ်ဝင်ထွက်ပေါက်ဖြစ်တဲ့ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားကို ပိတ်ပင်ထားတဲ့ကာလ (၄) လကျော်ကြာမြင့်နေပေမယ့် တံတားပြန်လည်ဖွင့်လှစ်ဖို့အတွက် နိုင်ငံတော်က ညွှန်ကြားမှုမရှိသေးသလို ထိုင်းနိုင်ငံဘက်ကလည်း ထပ်မံကမ်းလှမ်းမှုတွေမရှိသေးဘူးလို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။

လက်ရှိ မြန်မာနဲ့ ထိုင်းနိုင်ငံတို့မှာ ဖြစ်ပေါ်နေတဲ့ COVID-19 အခြေအနေတွေနဲ့ မြန်မာထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားဖွင့်လှစ်ရေးကိစ္စတွေအတွက် ၂၀၂၀ ခုနှစ် ဇွန်လ (၂၃) ရက်နေ့က မယ်ဆိုင်မြို့ပိုင်နဲ့အဖွဲ့က တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးကို လာရောက်တွေ့ဆုံပြီး အလွတ်သဘောဆွေးနွေးခဲ့ပြီး တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးတို့ တယ်လီဖုန်းနဲ့ အလွတ်သဘော ဆွေးနွေးခဲ့ကြတာတွေပဲရှိသေးတဲ့အတွက် ချစ်ကြည်ရေးတံတား(၁)ဖွင့်ဖို့ကတော့ လတ်တလောမှာ မျှော်လင့်ချက်မဲ့နေဆဲ ဖြစ်ပါတယ်။၊

Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~