တာချီလိတ်မြို့နယ်အတွင်း လယ်ယာမြေများတွင် တရားမဝင်မြေဖို့နေမှုများကို သက်ဆိုင်ရာ ရပ်ကျေးအဖွဲ့များက အပတ်စဉ် စိစစ်တင်ပြခြင်းဖြင့် တားဆီးနိုင်ရန် ကြိုးစားနေ

တာချီလိတ်မြို့နယ်အတွင်း လယ်ယာမြေများတွင် တရားမဝင်မြေဖို့နေမှုများကို သက်ဆိုင်ရာ ရပ်ကျေးအဖွဲ့များက အပတ်စဉ် စိစစ်တင်ပြခြင်းဖြင့် တားဆီးနိုင်ရန် ကြိုးစားနေ
အောက်တိုဘာ 22, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း လယ်ယာမြေများတွင် တရားမဝင် မြေဖို့နေမှုများကို သက်ဆိုင်ရာ ရပ်ကျေးအဖွဲ့များက အပတ်စဉ် စိစစ်တင်ပြခြင်းဖြင့် တားဆီးနိုင်ရန် ကြိုးစားနေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း လယ်ယာမြေများကို အခြားမြေအသုံးချခွင့်မရှိဘဲ လူနေအိမ်မြေကွက်ဖေါ်ထုတ်နေမှုများနှင့် လယ်ယာမြေများအား ခွင့်ပြုချက်မရှိဘဲ မြေဖို့နေခြင်းများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် အပတ်စဉ် စိစစ်၍ တင်ပြရန် ညွှန်ကြားထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။
“အပတ်စဉ် ရပ်/ကျေးတွေကနေတစ်ဆင့် တင်ခိုင်းထားပါတယ်။ အပတ်စဉ်တင်နေတဲ့အတွက် စာရင်းတွေကြည့်ပြီး အမိန့်စာထုတ်ပြီး ရပ်ခိုင်းတာမျိုး ဆောင်ရွက်နေပါတယ်။ တောင်တွေဖြိုပြီး မြေကြီးရောင်းတဲ့ပုဂ္ဂိုလ်တွေကိုလည်း သက်ဆိုင်ရာဥပဒေတွေနဲ့ အခွန်စည်းကြပ်ဖို့ ဆောင်ရွက်နေပါတယ်။ မြေသယ်ကားတွေကိုလည်း ခေါ်ပြီးပြောဆိုတာမျိုး၊ ဥပမာ တရားမဝင်မြေဖို့တာတွေကို သွားပြီးဖို့ပေးနေတာက ပြစ်မှုကျူးလွန်ဖို့အတွက် ကူညီပေးသလိုဖြစ်နေတာပေါ့။ ဒါလေးတွေခေါ်ပြီး ရှင်းပြဖို့ရှိပါတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့နယ်အတွင်းရှိ လမ်းမကြီးများဘေးတွင် လယ်မြေများကို အခြားမြေအသုံးပြုခွင့်လျှောက်ထားခြင်းမရှိဘဲ မြေဖို့၍ အိမ်ခြံမြေကွက်များရိုက်၍ ရောင်းချမှုအများအပြားရှိနေ၍ စိစစ်ကြပ်မတ်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~