တာချီလိတ်ခရိုင်အတွင်းမှ ရွေးကောက်ပွဲ မဲရုံတာဝန်ကျ အထူးရဲများတွင် Covid-19 ပိုးမတွေ့

တာချီလိတ်ခရိုင်အတွင်းမှ ရွေးကောက်ပွဲ မဲရုံတာဝန်ကျ အထူးရဲများတွင် Covid-19 ပိုးမတွေ့
အောက်တိုဘာ 13, 2020
By Tachileik News Agency

တာချီလိတ်ခရိုင်အတွင်းမှ ရွေးကောက်ပွဲ မဲရုံတာဝန်ကျ အထူးရဲများတွင် Covid-19 ပိုးမတွေ့

တာချီလိတ်ခရိုင်အတွင်း ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကာလ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင်များနှင့် သင်တန်းကြီးကြပ်သူ စုစုပေါင်း (၁၈၄)ဦးကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၂)ရက်နေ့နှင့် (၁၃)ရက်နေ့များ၌ COVID 19 စစ်ဆေးရာ ပိုးမတွေ့ရကြောင်း ဓာတ်ခွဲအဖြေရထားသည်။
"ရွေးကောက်ပွဲက နိုဝင်ဘာလ (၈)ရက်ဆိုတော့ ကျွန်တော်တို့ စစ်ပေးချင်တာကတော့ အောက်တိုဘာလ နောက်ဆုံးပတ်။ ဒါပေမဲ့ သူတို့က အာမခံတယ်။ အခုကတည်းက စစ်ပေးတာ။ စစ်ပြီးလို့ Negative ဖြစ်ရင်လည်း ဒီလူတွေကို အပြင်ပေးမထွက်ပါဘူးလို့ တောင်းဆိုလာတဲ့အတွက် စစ်ပေးထားပါတယ်။ ရဲတွေကတော့ test kit နဲ့ စစ်ပေးတယ်။ ပညာရေးဝန်ထမ်းတွေကိုတော့ ဓာတ်ခွဲနမူနာ ယူစစ်မယ်"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရွေးကောက်ပွဲအထူးရဲများအား RTD (Antigen Rapid Diagnostic Test Kit ) ဖြင့် COVID 19 စစ်ဆေးထားခြင်းဖြစ်ပြီး ရွေးကောက်ပွဲတွင် တာဝန်ယူမည့် ပညာရေးဝန်ထမ်းများကို ဓာတ်ခွဲနမူနာ ရယူစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံအတွင်း၌ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲရုံတစ်ရုံလျှင် အထူးရဲတစ်ဦးနှုန်းဖြင့် ခန့်ထားခြင်းဖြစ်ပြီး အထူးရဲများအားလုံးကို Covid-19 ပိုး ရှိ / မရှိ စစ်ဆေးပေးနေခြင်း ဖြစ်သည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - ကိုသာ၊ စိုင်းယောင်းခမ်း
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~