နိုင်ငံဖြတ်ကျော်မီးခိုးမြူငွေ့လျော့ချရေးအတွက် တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့တို့တွင် မီးသတ်ယာဉ်များဖြင့် လေထုအတွင်း ရေပတ်ဖြန်းမှုများလုပ်ဆောင်

နိုင်ငံဖြတ်ကျော်မီးခိုးမြူငွေ့လျော့ချရေးအတွက် တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့တို့တွင် မီးသတ်ယာဉ်များဖြင့် လေထုအတွင်း ရေပတ်ဖြန်းမှုများလုပ်ဆောင်
မတ် 19, 2020
By Tachileik News Agency

နိုင်ငံဖြတ်ကျော်မီးခိုးမြူငွေ့လျော့ချရေးအတွက် တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့တို့တွင် မီးသတ်ယာဉ်များဖြင့် လေထုအတွင်း ရေပတ်ဖြန်းမှုများ လုပ်ဆောင်

မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်ခရိုင် နှင့် ချင်းရိုင်ခရိုင်အကြား နှစ်စဉ်ကြုံတွေ့နေရသည့် နိုင်ငံဖြတ်ကျော် မီးခိုးမြူငွေ့များလျော့ချရေးအတွက် တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့တို့တွင် ၂၀၂၀ ခုနှစ် မတ်လ (၁၉) ရက်နေ့ နံနက်ပိုင်းက မီးသတ်ယာဉ်များဖြင့် လေထုအတွင်းရေပတ်ဖြန်းမှုများကို တပြိုင်နက်တည်း လုပ်ဆောင်ခဲ့ကြာင်း သိရသည်။

မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားပေါ်တွင် တာချီလိတ်ဘက်ခြမ်းမှ မီးသတ်ယာဉ် (၂) စီး၊ မယ်ဆိုင်ဘက်ခြမ်းမှ မီးသတ်ယာဉ် (၂) စီးတို့ဖြင့် လေထုအတွင်း ရေမှုန်ရေမွှားပက်ဖြန်းမှုများဆောင်ရွက်ခဲ့ပြီး အထပ်မြင့် မီးငြိမ်းသတ်ယာဉ်များအပါအဝင် မီးသတ်ယာဉ်များဖြင့်လည်း တာချီလိတ်မြို့တွင်းနှင့် မယ်ဆိုင်မြို့တွင်း ရေဖြန်းပက်မှုများလုပ်ဆောင်ခဲ့ကြသည်။

အဆိုပါ ရေပက်ဖြန်းမှုကို တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး နိုင်းပရကျွန်ပလတ်စကွန်နှင့် နှစ်နိုင်ငံတာဝန်ရှိသူများက လိုက်လံကြည့်ရှုခဲ့ကြသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~