တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်မှ စ၍ မြို့ပြင် မိုင်းကိုးနှင့် မိုင်းဖုန်းကျေးရွာအုပ်စုများအထိ မတ်လ(၂၆)ရက်နေ့တွင် လျှပ်စစ်မီး တစ်နေကုန် ပြတ်တောက်မည်

တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်မှ စ၍ မြို့ပြင် မိုင်းကိုးနှင့် မိုင်းဖုန်းကျေးရွာအုပ်စုများအထိ မတ်လ(၂၆)ရက်နေ့တွင် လျှပ်စစ်မီး တစ်နေကုန် ပြတ်တောက်မည်
မတ် 24, 2020
By Tachileik News Agency
တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်မှ စ၍ မြို့ပြင် မိုင်းကိုးနှင့် မိုင်းဖုန်းကျေးရွာအုပ်စုများအထိ မတ်လ(၂၆)ရက်နေ့တွင် လျှပ်စစ်မီး တစ်နေကုန် ပြတ်တောက်မည်

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့နယ်ဘက်တွင် လျှပ်စစ်ဓါတ်အားခွဲရုံ ပြုပြင် ပြင်ဆင်ခြင်း လုပ်မည်ဖြစ်၍ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်မှ စ၍ မြို့ပြင် ရပ်ကွက်ကျေးရွာများအထိ   ၂၀၂၀ ခုနှစ်၊ မတ်လ (၂၆)ရက်နေ့၌ နံနက် (၇)နာရီခွဲမှ ညနေ (၄)နာရီခွဲအထိ လျှပ်စစ်ဓါတ်အား ဖြတ်တောက်ထားမည် ဖြစ်ကြောင်း သိရသည်။

"တံတားပိတ်ပေမဲ့ ဓါတ်အားခွဲရုံ ပြုပြင် ပြင်ဆင်တာက ပုံမှန်လုပ်မှာဆိုတော့ မီးခဏပြတ်မှာပါ"ဟု မီးလင်းရေးကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)ဥက္ကဌ ဦးတင်လှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

အမှတ်(၂) ချစ်ကြည်ရေးတံတားအနီးမှ Feeder-2 ဓာတ်အားလိုင်းအား ဓာတ်အားဖြတ်တောက်မည်ဖြစ်၍ ဆန်ဆိုင်း(က)ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်နှင့် ချစ်ကြည်ရေးတံတားအမှတ် (၂) မှ လေယာဉ်ကွင်းမီးပွိုင့်အထိ လည်းကောင်း၊ လေယာဉ်ကွင်းမီးပွိုင့်မှ မိုင်းဖုန်းကျေးရွာအုပ်စု မိုင်းဖုန်း(က)၊(ခ) အထိလည်းကောင်း၊ လေယာဉ်ကွင်းမီးပွိုင့်မှ မိုင်းကိုးကျေးရွာအုပ်စု ရန်ကုန်၊ရန်ရှင်းကျေးရွာများအထိ လည်းကောင်း လျှပ်စစ်ဓာတ်အား  ပြတ်တောက်မည်ဖြစ်ပြီး လုပ်ငန်းလျှင်မြန်စွာ ပြီးပါက စောလျင်စွာ လွတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်ဓါတ်အား ဝယ်ယူဖြန့်ဖြူးနေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~