ထိုင်းနိုင်ငံအတွင်း အကျဉ်းထောင်များမှ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၆၂)ဦးကို တာချီလိတ်တွင် လွှဲပြောင်းလက်ခံ

ထိုင်းနိုင်ငံအတွင်း အကျဉ်းထောင်များမှ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၆၂)ဦးကို တာချီလိတ်တွင် လွှဲပြောင်းလက်ခံ
ဧပြီ 27, 2020
By Tachileik News Agency
ထိုင်းနိုင်ငံအတွင်း အကျဉ်းထောင်များမှ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၆၂)ဦးကို တာချီလိတ်တွင် လွှဲပြောင်းလက်ခံ

ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွင်းထဲက အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်စေ့လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၆၂)ဦးကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၇)ရက်နေ့ နံနက်ပိုင်းက  တာချီလိတ်ဘက်ကို မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂)ကနေ ထိုင်းဘက်တာဝန်ရှိသူများ လာရောက်လွှဲပေးလာပါတယ်

အခုလို လွှဲပေးလာသူတွေမှာ Quarantine ဝင်ထားပြီးဖြစ်ကြောင်း ထိုင်းဘက်က ကျန်းမာရေးထောက်ခံချက်ကို တခါတည်း ထည့်ပေးလိုက်တာဖြစ်တဲ့အတွက် အခုလို ဆောင်ရွက်ပေးတာဟာ ထိုင်းဘက်က  ပထမဆုံးအကြိမ်ဖြစ်ပါတယ်

လွှဲပြောင်းပေးလာတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လွှဲရာမှာ မယ်ဆိုင်ဘက် တာဝန်ရှိသူတွေက ကျန်းမာရေးထောက်ခံချက် ပေးလိုက်ပေမဲ့  ရိုးရိုးနေရပ်ပြန် မြန်မာနိုင်ငံများကိုတော့ အခုလို ထုတ်ပေးမှာမဟုတ်ဘူးလို့ သိရပါတယ်

မယ်ဆိုင်ဘက်က လာလွှဲပေးတဲ့ မြန်မာနိုင်ငံသား အမျိုးသား (၄၄)ဦးနဲ့ အမျိုးသမီး (၁၈)ဦးကို ကျန်းမာရေး စစ်ဆေးခြင်း၊ နိုင်ငံသားစိစစ်လက်ခံခြင်းများ ပြုလုပ်ပြီး နေရပ်အသီးသီး ပြန်နိုင်ဖို့ တာချီလိတ်ဘက်က တာဝန်ရှိသူတွေက စီစဉ်ပေးတဲ့အပြင် လမ်းမှာစားဖို့ စားနပ်ရိက္ခာနဲ့ ငွေကျပ် (၅၀၀၀)ဆီကိုပါ ကူညီပေးတာတွေ့ရပါတယ်

COVID 19 ကာလအတွင်း တာချီလိတ်နဲ့ မယ်ဆိုင်ကြားက မြန်မာ - ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ်တွေ ပိတ်ထားရချိန်မှာ ထိုင်းဘက် ပြစ်ဒဏ်စေ့ မြန်မာတွေ ပြန်လွှဲပေးနေရာမှာ အခုတစ်ကြိမ်က ဒုတိယအကြိမ်ဖြစ်ပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~