စက်တင်ဘာလ(၁၂)ရက်နေ့အတွက် နှစ်သုတ်ပေါင်း စစ်ဆေးချက်အရ Covid-19 အတည်ပြုလူနာ (၃၅၁)ဦး အသစ်ထပ်တိုး

စက်တင်ဘာလ(၁၂)ရက်နေ့အတွက် နှစ်သုတ်ပေါင်း စစ်ဆေးချက်အရ Covid-19 အတည်ပြုလူနာ (၃၅၁)ဦး အသစ်ထပ်တိုး
စက်တင်ဘာ 13, 2020
By Tachileik News Agency
စက်တင်ဘာလ(၁၂)ရက်နေ့အတွက် နှစ်သုတ်ပေါင်း စစ်ဆေးချက်အရ Covid-19 အတည်ပြုလူနာ (၃၅၁)ဦး အသစ်ထပ်တိုး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ခုနှစ် စက်တင်ဘာလ(၁၂)ရက်နေ့အတွက် ဒုတိယအသုတ်အဖြစ် (၁၆၉၇)ဦး၏ ဓါတ်ခွဲနမူများကို စစ်ဆေးရာ Covid-19 အတည်ပြုလူနာသစ် (၂၀၁)ဦးထပ်တိုး တွေ့ရှိကြောင်း စက်တင်ဘာလ(၁၃)ရက်နေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်သည်။ 
စက်တင်ဘာလ(၁၂)ရက်နေ့အတွက် ပထမအသုတ်အဖြစ် (၂,၄၂၃)ဦး၏ ဓါတ်ခွဲနမူနာများကို စစ်ဆေးရာက (၁၅၀)ဦးတွင် Covid-19 ပိုးတွေ့ရှိရကြောင်း စက်တက်ဘာလ(၁၂)ရက်နေ့ ည(၈)နာရီအချိန်က သတင်းထုတ်ပြန်ထားရှိသည်။
နိုင်ငံအတွင်း ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ စက်တင်ဘာလ(၁၃)ရက်နေ့ နံနက်(၈)နာရီအချိန်အထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၂,၇၉၆)ဦးရှိနေပြီး သေဆုံးသူမှာ (၁၆)ဦးအထိ ရှိနေကြောင်း သိရသည်။

တစ်ကမ္ဘာလုံးအနေဖြင့် စက်တင်ဘာလ(၁၃)ရက်နေ့ နံနက်(၈)နာရီအချိန်အထိတွင် Covid-19 ကူးစက်ခံရသူ (၂၈,၆၄၃,၁၀၂)ဦးရှိနေပြီး သေဆုံးသူမှာ  (၉၁၈,၃၅၂)ဦးရှိရာ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ (၆၄၈၀၈၃၄)ဦးဖြင့် ပထမအဆင့်တွင် ရှိနေပြီး မြန်မာနိုင်ငံနှင့် နီးသည့် အိန္ဒိယနိုင်ငံက (၄,၆၅၉,၉၈၄)ဦးဖြင့် ဒုတိယအဆင့်တွင် ရှိနေသည်။

Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~