ကျောက်မဲမြို့တွင် Covid-19 ကာကွယ်ရေးအတွက် ပိတ်ထားသည့် ရွာအဝင်လမ်းအား ထွန်စက်ဖြင့်ဝင်တိုက်ပြီး ရပ်ကျေးတာဝန်ရှိသူအား ကိုယ်ထိလက်ရောက်ကျူးလွန်သူကို ရဲတပ်ဖွဲ့က ခေါ်ယူသတိပေး

ကျောက်မဲမြို့တွင် Covid-19 ကာကွယ်ရေးအတွက် ပိတ်ထားသည့် ရွာအဝင်လမ်းအား ထွန်စက်ဖြင့်ဝင်တိုက်ပြီး ရပ်ကျေးတာဝန်ရှိသူအား ကိုယ်ထိလက်ရောက်ကျူးလွန်သူကို ရဲတပ်ဖွဲ့က ခေါ်ယူသတိပေး
နိုဝင်ဘာ 23, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် Covid-19 ကာကွယ်ရေးအတွက် ပိတ်ထားသည့် ရွာအဝင်လမ်းအား ထွန်စက်ဖြင့်ဝင်တိုက်ပြီး ရပ်ကျေးတာဝန်ရှိသူအား ကိုယ်ထိလက်ရောက်ကျူးလွန်သူကို ရဲတပ်ဖွဲ့က ခေါ်ယူသတိပေး
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် COVID 19 ကာကွယ်ရေးအတွက် မြို့နယ် COVID 19 ကော်မတီက ပိတ်ထားသော ရွာအဝင်လမ်းအား ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့က လယ်ထွန်စက်ဖြင့်တိုက်ဖွင့်ပြီး ရပ်ကျေးတာဝန်ရှိသူအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် အမျိုးသားကို ရဲတပ်ဖွဲ့က ခေါ်ယူသတိပေးထားသည်။  
"သူက စိတ်မတည်မငြိမ် ဖြစ်တတ်တယ်လို့ မိသားစုတွေက ပြောတယ်။ သူတို့ပဲ ထိန်းသိမ်းပြီး စိတ်ကျန်းမာရေးကုသတဲ့ဆေးရုံကို ပို့ပါ့မယ်ဆိုပြီးတော့လည်း ပြောတယ်။ ဒါကြောင့် ဒီတိုင်း သတိပေးပြီး မိသားစုဆီကို ပြန်အပ်ပေးလိုက်တယ်" ဟု ကျောက်မဲမြို့မရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျောက်မဲမြို့၊ ပန်ပေါင်းရပ်ရှိ၊ ကျေးရွာအဝင်လမ်းတွင် အခြားဒေသများနှင့် ပိုးကူးစက်မှုများသည့် ဒေသများမှ ပြန်လာသူများအားစိစစ်၍ အသွားအလာကန့်သတ်နေထိုင်စေခြင်း ပြုလုပ်နိုင်ရန် မြို့နယ်ကိုဗစ်ကော်မတီ၏ စီမံခန့်ခွဲမှုဖြင့် ပိတ်ထားခဲ့ရာ နိုဝင်ဘာလ (၂၃) ရက်နေ့ နံနက်ပိုင်းတွင် ရွာသားတစ်ဦးက လယ်ထွန်စက်ဖြင့် တိုက်ဖွင့်ပြီး ရပ်ကျေးတာဝန်ရှိသူတစ်ဦးအား ကိုယ်ထိလက်ရောက် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုဗစ်ကာကွယ်တားဆီးရေး တာဝန်ရှိသူအချို့နှင့် တာဝန်ကျရဲတပ်ဖွဲ့တို့က သွားရောက် စစ်ဆေးခဲ့ပြီး ကျူးလွန်သူအား မြို့မရဲ့စခန်းသို့ ခေါ်ဆောင်စစ်ဆေးရာ စိတ်ကျန်းမာရေးကုသမှုခံယူရန် လိုအပ်သူဖြစ်ကြောင်း သိရှိရသဖြင့် စိတ်ကျန်းမာရေးဆေးရုံပို့ဆောင်ရန် ခံဝန်ကတိဖြင့် မိသားစုထံ ပြန်လည်အပ်နှံလိုက်ကြောင်း သိရသည်။
Tachileik News Agency
သတင်း၊ဓာတ်ပုံ - နေဖြိုးမြင့် 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~