ကယားပြည်နယ် လွိုင်ကော်မြို့တွင် ထပ်တိုးတွေ့ရသည့် အတည်ပြုလူနာ (၂)ဦးနှင့် ထိတွေ့သူ (၁၀) ဦးကို ပထမအကြိမ် စစ်ဆေးမှုအတွင်း ပိုးမတွေ့ရသော်လည်း quarantine center ပို့ထား

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ထပ်တိုးတွေ့ရသည့် အတည်ပြုလူနာ (၂)ဦးနှင့် ထိတွေ့သူ (၁၀) ဦးကို ပထမအကြိမ် စစ်ဆေးမှုအတွင်း ပိုးမတွေ့ရသော်လည်း quarantine center ပို့ထား
အောက်တိုဘာ 26, 2020
By Tachileik News Agency
ကယားပြည်နယ် လွိုင်ကော်မြို့တွင် ထပ်တိုးတွေ့ရသည့် အတည်ပြုလူနာ (၂)ဦးနှင့် ထိတွေ့သူ (၁၀) ဦးကို ပထမအကြိမ် စစ်ဆေးမှုအတွင်း ပိုးမတွေ့ရသော်လည်း quarantine center ပို့ထား
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့က စစ်ဆေးတွေ့ရသည့် COVID 19 အတည်ပြုလူနာ ယာဉ်မောင်း၊ယာဉ်နောက်လိုက် (၂) ဦးနှင့် ထိတွေ့သူ စုစုပေါင်း (၁၀) ဦးလုံးမှာ စစ်ဆေးမှုအတွင်း Negative ဖြစ်သော်လည်း quarantine center သို့ ပို့ဆောင်ထားပြီး ထပ်မံစစ်ဆေးမည်ဟု သိရသည်။
“သူနဲ့တစ်ခန်းထဲ အတူတူနေတဲ့ (၉)ယောက်နဲ့ နောက်ထပ် contact တစ်ယောက်ကို quarantine center မှာ ပို့ထားပါပြီ။ အခုစစ်ဆေးမှုအတွင်းမှာ Negative ဖြစ်ပေမဲ့ ဒုတိယအကြိမ် ထပ်စစ်သွားမှာပါ”ဟု ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကယားပြည်နယ်တွင်း အခြားဒေသများမှ ဝင်လာသည့် ကုန်တင်ယာဉ်များအား မြို့တွင်းမဝင်စေဘဲ မြို့အဝင်၌ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းကို ပြုလုပ်ထားရှိပြီး ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား RDT ဖြင့် စစ်ဆေးပေးနေရာ အောက်တိုဘာလ (၂၆)ရက်နေ့၌ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၀၀)ကျော်အား စစ်ဆေးမှုအတွင်း (၂)ဦးတွင် COVID 19 ပိုးတွေ့ခဲ့ရခြင်းဖြစ်သည်။
ကယားပြည်နယ်၏ ပထမဆုံး Covid-19 အတည်ပြုလူနာအဖြစ် ရန်ကုန်မှပြန်လာ၍ အသွားအလာကန့်သတ်ထားသူတစ်ဦးကို အောက်တိုဘာလ (၁၅) ရက်နေ့တွင် လည်းကောင်း၊ ဒုတိယမြောက် အတည်ပြုလူနာကို အောက်တိုဘာလ (၂၃) ရက်နေ့တွင် အသွားအလာကန့်သတ်ထားသည့်နေရာမှ လည်းကောင်း၊ အောက်တိုဘာလ (၂၄) ရက်နေ့၌ အသွားအလာကန့်သတ်ထားသူများမှ (၃) ဦးတွင်းလည်းကောင်း တွေ့ခဲ့ကြရပြီး အောက်တိုဘာလ (၂၆)ရက်နေ့၌ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့တွင် COVID 19 ပိုးတွေ့ရခြင်းဖြစ်သည်။
ကယားပြည်နယ်တွင် အောက်တိုဘာလ (၂၆) ရက်နေ့အထိ အတည်ပြုလူနာ (၇)ဦးတွေ့ရသည့်အနက် တပ်မတော်က (၁)ဦးကို အောင်ပန်းစစ်ဆေးရုံသို့ ပို့ဆောင်ကုသပေးထားပြီး ကျန်လူနာ (၆)ဦးကို လွိုင်ကော်ပြည်သူ့ဆေးရုံ၌ ကုသပေးနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~