နမ့်စန်မြို့သို့ ရန်ကုန်မှ ပြန်လာသူ တစ်ဦးတွင် Covid-19 တွေ့၍ ထိတွေ့သူများကို ဆက်လက်စုံစမ်းနေ

နမ့်စန်မြို့သို့ ရန်ကုန်မှ ပြန်လာသူ တစ်ဦးတွင် Covid-19 တွေ့၍ ထိတွေ့သူများကို ဆက်လက်စုံစမ်းနေ
စက်တင်ဘာ 13, 2020
By Tachileik News Agency
နမ့်စန်မြို့သို့ ရန်ကုန်မှ ပြန်လာသူ တစ်ဦးတွင် Covid-19 တွေ့၍ ထိတွေ့သူများကို ဆက်လက်စုံစမ်းနေ
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ နမ့်စန်မြို့တွင် ရန်ကုန်က ပြန်လာပြီး Quarantine ထားရှိသူ တစ်ဦးတွင် Covid-19 စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

အတည်ပြုလူနာသည် ၂၀၂၀ခုနှစ် စက်တင်ဘာလ (၈)ရက်နေ့က ရန်ကုန်မှ ယာဉ်လိုင်းဖြင့် ပြန်လာရာ စက်တင်ဘာလ (၉)ရက်နေ့တွင် နမ့်စန်သို့ ရောက်ရှိလာပြီး ချက်ချင်း Quarantine ထားရှိကာ စက်တင်ဘာလ (၁၁)ရက်နေ့တွင် ဓါတ်ခွဲနမူနာရယူပြီး ပို့ဆောင်စစ်ဆေးရာမှ စက်တင်ဘာလ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည့် အတည်ပြုလူနာ စာရင်း၌ ပါဝင်လာခြင်း ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ သိရသလောက်ကတော့ မိုးကောင်းကင်ကားဂိတ်နဲ့ (၈)ရက်နေ့မှာ ရန်ကုန်ကနေ ထွက်လာတာခင်ဗျ၊ စုစုပေါင်း(၆)ယောက်၊ ကျိုင်းတုံဘက်ကို (၁)ယောက် သွားလိုက်တာပေါ့၊ ခိုလမ်မှာ (၁)ယောက်၊ ရန်ကုန်ပြန်သွားတဲ့ တစ်ယောက်နဲ့ အဆက်အသွယ် ရတယ်။ သူကလည်း (၆)ယောက်လို့ ပြောတယ်။ အတည်ပြုလူနာနဲ့ ဆက်စပ်တဲ့ ကျန်တဲ့လူတွေကိုလည်း Quarantine ထားနိုင်အောင် လိုက်နေပါတယ်။"ဟု နမ့်စန့်မြို့မှ Covid-19 သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ(၁၃)ရက်နေ့ နံနက်(၈း၄၅)နာရီအချိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
နမ့်စန်မြို့မှ အတည်ပြုလူနာနှင့်အတူ လိုက်ပါလာပြီး ကျိုင်းတုံမြို့သို့ ဆက်လက်ထွက်ခွာလာသူအား ကျန်းမာရေးက ဆက်သွယ်မှုရရှိထားပြီး လိုအပ်သည်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန ထံက သိရသည်။
အဆိုပါ အတည်ပြုလူနာနှင့်အတူ ရန်ကုန်မြို့မှ ကျိုင်းတုံမြို့က (၁)ဦး အပါအဝင် ခိုလမ် နှင့် နမ့်စန်မြို့တို့မှ စုစုပေါင်း (၆)ဦး ပြန်လာသည်ဟု သိထားပြီး ဆက်လက်အတည်ပြုနိုင်ရန် နှင့် ထိတွေ့သူများကို  Quarantine ထားရှိနိုင်ရန်အတွက် တာဝန်ရှိသူများက စုံစမ်းနေလျက်ရှိကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~