မုိင္းေယာင္းၿမိဳ႕နယ္ ဝမ္ေကာင္းရြာတြင္ မူးယစ္ေဆးေရာင္းသည့္ အသက္ (၇၆)ႏွစ္အရြယ္ အမ်ိဳးသမီးကို စိတ္ၾကြေဆးျပား (၂၀၀၀)ေက်ာ္ႏွင့္အတူ ဖမ္းမိ

မုိင္းေယာင္းၿမိဳ႕နယ္ ဝမ္ေကာင္းရြာတြင္ မူးယစ္ေဆးေရာင္းသည့္ အသက္ (၇၆)ႏွစ္အရြယ္ အမ်ိဳးသမီးကို စိတ္ၾကြေဆးျပား (၂၀၀၀)ေက်ာ္ႏွင့္အတူ ဖမ္းမိ
ဧပြီ 28, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းေယာင္းၿမိဳ႕နယ္၊ ဝမ္ေကာင္းေက်းရြာတြင္ မူးယစ္ေဆးေရာင္းခ်ေၾကာင္း သတင္းရေနအိမ္အား ဝင္ေရာက္ရွာေဖြရာ အသက္ (၇၆)ႏွစ္အရြယ္အမ်ိဳးသမီးတစ္ဦးကို စိတ္ၾကြရူးသြပ္ေဆးျပား (၂၈၁၆)ျပားႏွင့္အတူ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

ဝမ္ေကာင္းေက်းရြာအုပ္စု၊ ဝမ္ေကာင္းရြာရိွ ေဒၚအီေထာင္း၏ေနအိမ္တြင္ မူးယစ္ေဆးမ်ား ေရာင္းခ်ေနေၾကာင္း သတင္းအရ မိုင္းေယာင္းၿမိဳ႕မရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ နယ္ေျမခံတပ္မွ တပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၇)ရက္ေန႔ ေန႔လယ္ (၁)နာရီခြဲအခ်ိန္တြင္ ဝင္ေရာက္ရွာေဖြျခင္းျဖစ္ေၾကာင္း သိရသည္။

ေဒၚအီေထာင္းအား ေနအိမ္တြင္ေတြ႔ရၿပီး အိမ္အဝင္ေပါက္အနီး ပလတ္စတစ္ဗူးအတြင္းမွ စိတ္ၾကြေဆးျပား (၉၀)ျပား၊ ေနအိမ္အေပၚထပ္တြင္ ေကာ္ဗူးအတြင္းထည့္ထားသည့္ စိတ္ၾကြေဆးျပား (၈၀၀)ျပား၊ တည္ေဆာက္ဆဲ ေနအိမ္အေပၚထပ္၏ ကြန္ကရစ္တုိင္အတြင္းမွ စိတ္ၾကြေဆးျပား (၁၉၂၆)ျပားတုိ႔ကို ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းမိသည့္ အီေထာင္းအား မိုင္းေယာင္းၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၃/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မိုင်းယောင်းမြို့နယ် ဝမ်ကောင်းရွာတွင် မူးယစ်ဆေးရောင်းသည့် အသက် (၇၆)နှစ်အရွယ် အမျိုးသမီးကို စိတ်ကြွဆေးပြား (၂၀၀၀)ကျော်နှင့်အတူ ဖမ်းမိ
*******************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်၊ ဝမ်ကောင်းကျေးရွာတွင် မူးယစ်ဆေးရောင်းချကြောင်း သတင်းရနေအိမ်အား ဝင်ရောက်ရှာဖွေရာ အသက် (၇၆)နှစ်အရွယ်အမျိုးသမီးတစ်ဦးကို စိတ်ကြွရူးသွပ်ဆေးပြား (၂၈၁၆)ပြားနှင့်အတူ ဖမ်းဆီးရမိထားကြောင်း သိရသည်။

ဝမ်ကောင်းကျေးရွာအုပ်စု၊ ဝမ်ကောင်းရွာရှိ ဒေါ်အီထောင်း၏နေအိမ်တွင် မူးယစ်ဆေးများ ရောင်းချနေကြောင်း သတင်းအရ မိုင်းယောင်းမြို့မရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၇)ရက်နေ့ နေ့လယ် (၁)နာရီခွဲအချိန်တွင် ဝင်ရောက်ရှာဖွေခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်အီထောင်းအား နေအိမ်တွင်တွေ့ရပြီး အိမ်အဝင်ပေါက်အနီး ပလတ်စတစ်ဗူးအတွင်းမှ စိတ်ကြွဆေးပြား (၉၀)ပြား၊ နေအိမ်အပေါ်ထပ်တွင် ကော်ဗူးအတွင်းထည့်ထားသည့် စိတ်ကြွဆေးပြား (၈၀၀)ပြား၊ တည်ဆောက်ဆဲ နေအိမ်အပေါ်ထပ်၏ ကွန်ကရစ်တိုင်အတွင်းမှ စိတ်ကြွဆေးပြား (၁၉၂၆)ပြားတို့ကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် အီထောင်းအား မိုင်းယောင်းမြို့မရဲစခန်းတွင် မယ(ပ)၃/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့်အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း #ငြိမ်းချမ််း(ပြည်)
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net