ကျိုင်းတုံမြို့ရှိ အမျိုးသားယဉ်ကျေးမှုပြတိုက်တွင် ရှားပါးဓာတ်ပုံပြပွဲကို ဖေဖော်ဝါရီလ (၂၆)ရက်နေ့က စတင်၍ (၅) ရက်တိုင်တိုင် အခမဲ့ ပြသမည်

ကျိုင်းတုံမြို့ရှိ အမျိုးသားယဉ်ကျေးမှုပြတိုက်တွင် ရှားပါးဓာတ်ပုံပြပွဲကို ဖေဖော်ဝါရီလ (၂၆)ရက်နေ့က စတင်၍ (၅) ရက်တိုင်တိုင် အခမဲ့ ပြသမည်
ဖေဖော်ဝါရီ 25, 2020
By Tachileik News Agency
ကျိုင်းတုံမြို့ရှိ အမျိုးသားယဉ်ကျေးမှုပြတိုက်တွင် ရှားပါးဓာတ်ပုံပြပွဲကို ဖေဖော်ဝါရီလ(၂၆)ရက်နေ့က စတင်၍ (၅) ရက်တိုင်တိုင် အခမဲ့ ပြသမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ရပ်တော်မူဘုရားကြီးအနီးရှိ အမျိုးသားယဉ်ကျေးမှုပြတိုက်တွင် ကျိုင်းတုံမြို့နှင့် ပတ်သက်သည့် ဓါတ်ပုံများ အပါအဝင် ရှားပါးဓာတ်ပုံပြပွဲကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၂၆) ရက်နေ့မှကတင်ပြီး ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

"ဝင်ကြေးအခမဲ့ပါ။ ယဉ်ကျေးမှုပြတိုက်အကြောင်း ပြည်သူတွေကို ပိုမိုသိရှိစေဖို့၊ ဒေသတွင်း ရှားပါးဓာတ်ပုံတွေကို အများပြည်သူလေ့လာနိုင်စေဖို့နဲ့ ပြည်သူတွေဗဟုသုတရစေဖို့ ရည်ရွယ်ပြီး ဒီပြပွဲကို လုပ်တာပါ"ဟု ရှေးဟောင်းသုသေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ကျိုင်းတုံ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှားပါးဓာတ်ပုံပြပွဲကို ကျိုင်းတုံယဉ်ကျေးမှုပြတိုက်တွင် ဖေဖော်ဝါရီလ (၂၆) ရက်နေ့မှ မတ်လ (၁) ရက်နေ့အထိ နံနက် (၉) နာရီခွဲမှ ညနေ (၄) နာရီခွဲအထိ ပြသသွားမည်ဖြစ်ပြီး စော်ဘွားများ၏ မှတ်တမ်းဓာတ်ပုံများ၊ ကျိုင်းတုံမြို့ရှေးဟောင်းမြင်ကွင်းပုံများ၊ ရှမ်းပြည်နယ်တွင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးများ၏ ရှေးခေတ်ဝတ်စားဆင်ယင်မှုများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဓါတ်ပုံများအပါအဝင် ဓာတ်ပုံပေါင်း (၁၂၀) ကျော်ကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~