တာချီလိတ်မြို့ ဝှေလေလန်ကျေးရွာတွင် နေအိမ် မီးလောင်

တာချီလိတ်မြို့ ဝှေလေလန်ကျေးရွာတွင် နေအိမ် မီးလောင်

တာချီလိတ်မြို့၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်း ဝှေလေလန်ရွာတွင် မီးလောင်မှု ဖြစ်ပွားရာ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

ဝှေလေလန်ကျေးရွာအတွင်းရှိ နေအိမ်တွင် ၂၀၂၁ခုနှစ် ဇူလိုင်လ(၈)ရက်နေ့ ည(၉)နာရီဝန်းကျင်အချိန်က မီးလောင်မှု ဖြစ်ပွားခြင်းကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှု မရှိသော်လည်း နေအိမ်အပေါ်ထပ်နှင့်အောက်ထပ်မှာ ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။ 

မီးလောင်မှုဖြစ်ပွားသည့် နေအိမ်အား ကျေးရွာတွင်းနေ ပြည်သူများက ဝိုင်းဝန်းငြိမ်းသတ်ကြသလို မီးသတ်တပ်ဖွဲ့မှလည်း ရောက်ရှိလာပြီး ငြိမ်သတ်ကြသည့်အတွက် ဘေးအိမ်သို့ ကူးစက်လောင်ကျွမ်းခြင်း မရှိကြောင်း သိရသည်။

မီးလောင်ရခြင်း အကြောင်းအရင်းကိုတော့ မသိရပေ။

#TachileikNewsAgency

Photo: တာချီလိတ်နာရေးကူညီမှုအသင်း