ဆေးရုံအတွင်း ယာဉ်ရပ်နားခကောက်ခံရေးလုပ်ငန်းတင်ဒါနှင့် ပတ်သက်၍ ဆေးရုံအုပ် နှင့် ဌာနခွဲစာရေးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

ဆေးရုံအတွင်း ယာဉ်ရပ်နားခကောက်ခံရေးလုပ်ငန်းတင်ဒါနှင့် ပတ်သက်၍ ဆေးရုံအုပ် နှင့် ဌာနခွဲစာရေးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်
ဒီဇင်ဘာ 20, 2019
By Tachileik News Agency
ဆေးရုံအတွင်း ယာဉ်ရပ်နားခကောက်ခံရေးလုပ်ငန်းတင်ဒါနှင့် ပတ်သက်၍ ဆေးရုံအုပ် နှင့် ဌာနခွဲစာရေးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

မန္တလေးမြို့ အရိုးအထူးကုဆေးရုံကြီး(ကုတင် ၅၀၀)ဝင်းအတွင်း ယာဉ်ရပ်နားခကောက်ခံရေးလုပ်ငန်းတင်ဒါမှ ငွေကျပ်သိန်း (၁၄၀)လက်ခံခဲ့သည့် ဆေးရုံအုပ်ကြီး ဦးကြည်လွင်နှင့် ကျပ် (၁၂)သိန်းလက်ခံခဲ့သည့် ဌာနခွဲစာရေးတို့အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

ဆေးရုံအုပ်ကြီးနှင့်အဖွဲ့သည် ရာထူးတာဝန်များကို အလွဲသုံးစားပြု၍ ဆေးရုံအတွင်း လုပ်ကိုင်လျက်ရှိသည့် တင်ဒါလုပ်ငန်းရှင်များထံမှ အမြတ်ထုတ် ကိုယ်ကျိုးစီးပွားရှာနေခြင်းအား အရေးယူပေးပါဟု ကော်မရှင်သို့ တိုင်ကြားလာ၍ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အရိုးအထူးကုဆေးရုံကြီး (ခုတင်-၅၀၀) မန္တလေးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်သည် အရိုးအထူးကုဆေးရုံဝင်းအတွင်း ယာဉ်ရပ်နားခ ကောက်ခံရေးလုပ်ငန်း ၂၀၁၇ -၂၀၁၈ ခုနှစ်နှင့် ၂၀၁၈-၂၀၁၉ ခုနှစ် တင်ဒါခေါ်ယူရာတွင် လုပ်ငန်းရှင်နှစ်ဦးထံမှ ငွေကျပ် သိန်း(၆၀)၊၂၀၁၉-၂၀၂၀ ခုနှစ်နှင့် ၂၀၂၀-၂၀၂၁ ခုနှစ် တင်ဒါခေါ်ယူရာတွင် လုပ်ငန်းရှင် နှစ်ဦးထံမှ ငွေကျပ် ငွေကျပ် သိန်း(၈၀)ကို  စုစုပေါင်းငွေကျပ်သိန်း (၁၄၀)ကို လက်ခံရရှိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဆေးရုံအုပ်ကြီးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၏ အုပ်ချုပ်/စီမံ ဦးစီးအရာရှိဖြစ်သူ ယခင် ဌာနခွဲစာရေး ဦးအောင်ကျော်ဦးကလည်း စက်ဘီး/ ဆိုင်ကယ်အပ်နှံခကောက်ခံခြင်း လုပ်ငန်းနေရာနှစ်ခုအတွက် ၂၀၁၇-၂၀၁၉ ခုနှစ် တင်ဒါရရှိရေး ကူညီဆောင်ရွက်ပေးမည်ဟုဆိုကာ ငွေကျပ် (၂)သိန်းကို လည်းကောင်း၊ တင်ဒါကော်မတီဝင်များအား ကန်တော့ရန်ဟုဆိုကာ ငွေကျပ်(၃)သိန်းကို လည်းကောင်း၊ တင်ဒါအောင်မြင်သူထံမှ ငွေကျပ် (၇)သိန်းခန့်တန်ဖိုးရှိ Camera နှင့် Laptop တို့ကိုလည်းကောင်း လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဆေးရုံမှ တာဝန်ရှိသူနှစ်ဦးကို မန္တလေးတိုင်းဒေသကြီး၊ အမှတ်(၁၁)နယ်မြေရဲစခန်း၊ ချမ်းအေးသာစံမြို့နယ် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~