မြဝတီ - မဲဆောက်ကုန်စည်ပို့ဆောင်နေသည့် ထိုင်းရောက် မြန်မာနိုင်ငံသား (၂)ဦးတွင် COVID 19 ပိုးတွေ့ရပြီးနောက် မြဝတီ - မဲဆောက်နယ်စပ်သို့ ထိုင်းဒုဝန်ကြီးချုပ်က အခြေအနေလာကြည့်မည်

မြဝတီ - မဲဆောက်ကုန်စည်ပို့ဆောင်နေသည့် ထိုင်းရောက် မြန်မာနိုင်ငံသား (၂)ဦးတွင် COVID 19 ပိုးတွေ့ရပြီးနောက် မြဝတီ - မဲဆောက်နယ်စပ်သို့ ထိုင်းဒုဝန်ကြီးချုပ်က အခြေအနေလာကြည့်မည်
အောက်တိုဘာ 17, 2020
By Tachileik News Agency
မြဝတီ - မဲဆောက်ကုန်စည်ပို့ဆောင်နေသည့် ထိုင်းရောက် မြန်မာနိုင်ငံသား (၂)ဦးတွင် COVID 19 ပိုးတွေ့ရပြီးနောက် မြဝတီ - မဲဆောက်နယ်စပ်သို့ ထိုင်းဒုဝန်ကြီးချုပ်က အခြေအနေလာကြည့်မည်
မြန်မာနိုင်ငံ မြဝတီမြို့ဘက်မှ ကုန်တင်ယာဉ်မောင်းများတွင် COVID 19 ပိုးတွေ့ရှိမှု တိုးလာနေပြီး ထိုင်းနိုင်ငံ၊ တက်ခရိုင်ဘက်တွင် နေထိုင်သည့် မြန်မာနိုင်ငံသား ဇနီးမောင်နှံ(၂)ဦးတွင်လည်း  COVID 19 ပိုးတွေ့ရသဖြင့် မြဝတီ - မဲဆောက်နယ်စပ်တံတားကို ပိတ်ထားရန် မဲဆောက်ဘက်၌ တောင်းဆိုမှုများရှိနေချိန်တွင် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးတို့က ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့၌ မြဝတီ - မဲဆောက်နယ်စပ်အခြေအနေအား လာရောက်ကြည့်ရှုမည်ဖြစ်ကြောင်း သိရသည်။
တက်ခရိုင်အတွင်း ထိုင်းနိုင်ငံသား ဇနီးမောင်နှံတွင် COVID 19 ပိုးတွေ့ရကြောင်း ကောလဟလများပျံ့နေသဖြင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အကြံပေးက သတင်းစာရှင်းလင်းပွဲဖြင့် ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း အောက်တိုဘာလ (၁၇) ရက်နေ့၌ The Nation သတင်းစာတွင် ဖေါ်ပြထားသည်။
အတည်ပြုလူနာ (၂)ဦးမှာ တက်ခရိုင်တွင် နေထိုင်သည့် မြန်မာနိုင်ငံသား ဇနီးမောင်နှံဖြစ်ကြပြီး မြဝတီ - မဲဆောက်နယ်စပ်မှ ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်နေသူများဖြစ်ကြောင်း သိရသည်။
အဆိုပါ အတည်ပြုလူနာ (၂)ဦးမှာ နယ်စပ်တံတား ကုန်စည်ပို့ဆောင်ရေးလုပ်ဆောင်ရင်း ကူးစက်ခံရသည်ဟု ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက ယူဆထားကြသည်။
၎င်းတို့နှစ်ဦးမှာ ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံထားကြရခြင်းဖြစ်ပြီး လက်ရှိတွင် မဲဆောက်ဆေးရုံ၌ ကုသပေးနေကြောင်း သိရသည်။
Tachileik News Agency
Source: The Nation
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~