ထိုင်းနိုင်ငံ မဲဆောက်ဘက်တွင် COVID 19 ပိုးတွေ့ရကြောင်း အဖြေရထားသည့် မြဝတီမှ ယာဉ်မောင်းနှစ်ဦးကို မြဝတီဆေးရုံတွင် ထားရှိပြီး မြန်မာဘက်ကလည်း ဓာတ်ခွဲနမူနာ ပို့စစ်ထား

ထိုင်းနိုင်ငံ မဲဆောက်ဘက်တွင် COVID 19 ပိုးတွေ့ရကြောင်း အဖြေရထားသည့် မြဝတီမှ ယာဉ်မောင်းနှစ်ဦးကို မြဝတီဆေးရုံတွင် ထားရှိပြီး မြန်မာဘက်ကလည်း ဓာတ်ခွဲနမူနာ ပို့စစ်ထား
အောက်တိုဘာ 10, 2020
By Tachileik News Agency
ထိုင်းနိုင်ငံ မဲဆောက်ဘက်တွင် COVID 19 ပိုးတွေ့ရကြောင်း အဖြေရထားသည့် မြဝတီမှ ယာဉ်မောင်းနှစ်ဦးကို မြဝတီဆေးရုံတွင် ထားရှိပြီး မြန်မာဘက်ကလည်း ဓာတ်ခွဲနမူနာ ပို့စစ်ထား
မြန်မာ - ထိုင်းနယ်စပ်ဒေသ ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်တွင် မြဝတီဘက်မှ ကုန်တင်ယာဉ်မောင်း (၂)ဦး၌ COVID 19 ပိုးစစ်ဆေး တွေ့ရှိရကြောင်း သတင်းပေးပို့ချက်အရ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့၌ အဆိုပါ ယာဉ်မောင်း (၂)ဦးကို မြဝတီဆေးရုံကြီး၌ စောင့်ကြည့်လူနာအဖြစ် ထားရှိကာ ဓာတ်ခွဲနမူနာရယူစစ်ဆေးထားကြောင်း သိရသည်။
"မနေ့က သူတို့ဘက်က သတင်းအရ ယာဉ်မောင်းနှစ်ယောက်ကို ဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကုသပေးနေပြီး ဓာတ်ခွဲနမူနာကို NHL ပို့ထားပါတယ်။ သူတို့ဘက်မှာ gene Xpert စက်နဲ့စစ်တယ်လို့တော့ပြောတယ်။ သူတို့ဘက်မှာ မနေ့က စစ်တာ။ ညလောက်မှာ သတင်းရတော့ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်လိုက်တယ်"ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ(၁၀)ရက်နေ့တွင် ပြောသည်။
မြဝတီ - မဲဆောက်တွင် နယ်စပ်ဝင်ထွက်သွားလာမှုကို ပိတ်ထားသော်လည်း ကုန်တင်ယာဉ်မောင်း (၁) ဦးစီလိုက်ပါလာသည့် ကုန်တင်ယာဉ်များကို သွားလာခွင့်ပြုထားခြင်းဖြစ်ပြီး မဲဆောက်ဘက်တွင် မြဝတီဘက်မှ ဝင်လာသည့် ကုန်တင်ယာဉ်မောင်းများအား ဓာတ်ခွဲနမူနာရယူစစ်ဆေးခြင်းကို အခမဲ့ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံ မြဝတီဘက်မှ ဝင်လာသည့် ကုန်ကားမောင်းသူများအား  မဲဆောက်ဆေးရုံက အောက်တိုဘာလ (၇)ရက်နေ့ ကတည်းက COVID 19 စစ်ဆေးရေးဂိတ်ဖွင့်လှစ်ပြီး စစ်ဆေးပေးနေရာ မြန်မာကုန်ကားမောင်းသူ (၂၀၀) ကျော်ကို စစ်ဆေးပေးထားပြီဖြစ်ပြီး ယင်းတို့အနက် (၂)ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ဓာတ်ခွဲအဖြေရရှိသည်ဟု ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့၌ The Nation သတင်းတွင် ဖေါ်ပြထားသည်။
အဆိုပါ ကုန်တင်ယာဉ်မောင်း (၂)ဦးမှာ မဲဆောက်ဈေးများသို့ သွားလာခဲ့ပြီး ယင်းနေ့မှာပင် မြဝတီဘက်ပြန်သွားခြင်းဖြစ်ပြီး ၎င်းတို့၏ ခရီးသွားရာဇဝင်ကို မဲဆောက်ဆေးရုံက ထုတ်ပြန်ပေးမည်ဟု သသိရသည်။
ယင်းအပြင် မဲဆောက်ဘက်သို့ မြဝတီဘက်မှ အောက်တိုဘာလ (၅)ရက်နေ့၌ဝင်လာသည့် ထိုင်းကုန်သည်နှင့် ၎င်း၏ဇနီးကို quarantine ထားရှိပြီး အောက်တိုဘာလ (၇)ရက်နေ့၌ စစ်ဆေးရာ COVID 19 ပိုးတွေ့ရသည်ဟု သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ထိုင်းနိုင်ငံသား (၂)ဦး၏ ဓာတ်ခွဲနမူနာများကို ထပ်မံစစ်ဆေးရန်အတွက် ဖိစနုလွတ်ရှိ ဓာတ်ခွဲဌာနသို့ ဆက်လက်ပို့ဆောင်ထားဆဲဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~