တာချီလိတ်မြို့တွင် ပထမအကြိမ်စစ်ဆေးရာ ပိုးမတွေ့သော်လည်း ဒုတိယအကြိမ် တောင်ကြီးသို့ ပို့စစ်ရာမှ အမျိုးသားတစ်ဦးတွင် Covid-19 ပိုးတွေ့

တာချီလိတ်မြို့တွင် ပထမအကြိမ်စစ်ဆေးရာ ပိုးမတွေ့သော်လည်း ဒုတိယအကြိမ် တောင်ကြီးသို့ ပို့စစ်ရာမှ အမျိုးသားတစ်ဦးတွင် Covid-19 ပိုးတွေ့
ဒီဇင်ဘာ 12, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် ပထမအကြိမ်စစ်ဆေးရာ ပိုးမတွေ့သော်လည်း ဒုတိယအကြိမ် တောင်ကြီးသို့ ပို့စစ်ရာမှ အမျိုးသားတစ်ဦးတွင် Covid-19 ပိုးတွေ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အသွားအလာကန့်သတ်ထားသူများမှ  အမျိုးသား (၁)ဦး၌ COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် စစ်ဆေးတွေ့ရသည်။
ထပ်တိုးတွေ့ရသည့် အတည်ပြုလူနာမှာ အသက်(၃၅)နှစ်အရွယ် အမျိုးသားဖြစ်ပြီး  အသွားအလာကန့်သတ်ထားသည့်ပြီး ပထမအကြိမ် စစ်ဆေးရာတွင် ပိုးမတွေ့ဘဲ တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)သို့ ပို့စစ်ရာမှ Covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်သည်။
အတည်ပြုလူနာ (၁)ဦးထပ်တိုးလာသဖြင့် တာချီလိတ်မြို့နယ်အတွင်း COVID 19 ဒုတိယလှိုင်းအဖြစ်စတင်သည့် နိုဝင်ဘာလ (၂၂)ရက်နေ့မှ ဒီဇင်ဘာလ (၁၂) ရက်နေ့ ညနေ (၅)နာရီအထိ အတည်ပြုလူနာ (၉၇)ဦး တွေ့ရှိထားပြီဖြစ်သည်။
ဒုတိယလှိုင်းတွင်တွေ့ရသည့် အတည်ပြုလူနာများအနက် (၆၀) ဦးမှာ ဆေးရုံဆင်းခွင့်ရသွားပြီဖြစ်၍ ဒီဇင်ဘာလ (၁၂) ရက်နေ့အထိ ကုသဆောင်များ၌ အတည်ပြုလူနာ (၃၇)ဦး ကျန်ရှိမည်ဖြစ်သည်။
တာချီလိတ်မြို့နယ်တွင် COVID 19 ဒေသတွင်း ကူးစက်မှုအဖြစ် နိုဝင်ဘာလ (၂၅) ရက်နေ့မှစ၍ တွေ့ရပြီးနောက် ဒေသတွင်းကူးစက်အတည်ပြုလူနာများ ဆက်တိုက်တိုးလာနေရာ ဒီဇင်ဘာလ (၁၂)ရက်နေ့ ညနေပိုင်းအထိ ဒေသတွင်းကူးစက် အတည်ပြုလူနာ (၈၈)ဦး ရှိပြီဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~