တာချီလိတ်ခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်စ်(COVID-19) တားဆီးထိန်းချုပ်ကာကွယ်ရေး Internet Maekhong Network ကုမ္ပဏီက ကျပ်ငွေ(၄၃)သိန်း ပေးအပ်လှူဒါန်း

တာချီလိတ်ခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်စ်(COVID-19) တားဆီးထိန်းချုပ်ကာကွယ်ရေး Internet Maekhong Network ကုမ္ပဏီက ကျပ်ငွေ(၄၃)သိန်း ပေးအပ်လှူဒါန်း
မတ် 28, 2020
By Tachileik News Agency
တာချီလိတ်ခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်စ်(COVID-19) တားဆီးထိန်းချုပ်ကာကွယ်ရေး  Internet Maekhong Network ကုမ္ပဏီက ကျပ်ငွေ(၄၃)သိန်း ပေးအပ်လှူဒါန်း

တာချီလိတ်ခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်စ်(COVID-19) တားဆီးထိန်းချုပ်ကာကွယ်ရေး နှင့် နှင့် ကုသနိုင်ရေးအတွက် Internet Maekhong Network ကုမ္ပဏီ( IM-Net ) က ကျပ်ငွေ (၄၃)သိန်း ပေးအပ်လှူဒါန်းကြောင်း သိရသည်။

အဆိုပါ အလှူငွေများကို  ၂၀၂၀ခုနှစ် မတ်လ(၂၈)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်ခရိုင်/မြို့နယ်စုပေါင်းရုံးရှိ အစည်းအဝေးခန်းမတွင် Internet Maekhong Network ကုမ္ပဏီ( IM-Net ) မှ တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းတို့က လက်ခံပေးခဲ့ကြသည်။

တာချီလိတ်တွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ တာချီလိတ်ရှိ မိုးကုတ်တရားရိပ်သာတွင် ထားရှိပြီး (၁၄)ရက် စောင့်ကြည့်ကာ ကျွေးမွေးစောင့်ရှောက်ကာ ကျန်းမာရေး စစ်ဆေးပေးနေရသူ (၉၂)ဦးရှိနေပြီး အလှူရှင်များ လှူဒါန်းလာမှုများကို အဆိုပါ ကိစ္စရပ်များတွင် သုံးစွဲကြောင်း စောင့်ကြည့်သံသယလူနာထားရှိရန် လူ(၃၀)ဆံ့ထားနိုင်မည့် သီးသန့်အခန်းအတွက်လည်း အသုံးပြုကြောင်း သိရှိရသည်။

တာချီလိတ်ခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်စ်(COVID-19) တားဆီးထိန်းချုပ်ကာကွယ်ရေးအတွက် စေတနာရှင်များမှ စုပေါင်းလှူဒါန်းထားသည်မှာ ငွေသားနှင့်ပစ္စည်းတန်ဖိုးမှာ လတ်တလောတွင် ထိုင်းဘတ်ငွေ (၁၀)သိန်းဝန်းကျင်အထိရှိထားပြီး စောင့်ကြည့်သံသယလူနာများကို သီးသန့်ထားရှိနိုင်ရန်အတွက် တာချီလိတ်ဆေးရုံဟောင်းအတွင်း၌ ပြင်ဆင်နေလျက်ရှိပြီး သီးသန့်ခန်းအတွက် အလှူရှင်များ ဆက်လက် လိုအပ်နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~