တာချီလိတ်မြို့တွင်းရှိ ပြည်သူများအတွက် ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက် ဆရာတော်မှ လှူဒါန်းပေးထားသည့် COVID-19 ကာကွယ်ရေးပစ္စည်းများကို စုပေါင်းအဖွဲ့ဖြင့် ပြန်လည် ဝေငှလှူဒါန်း

တာချီလိတ်မြို့တွင်းရှိ ပြည်သူများအတွက် ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက် ဆရာတော်မှ လှူဒါန်းပေးထားသည့် COVID-19 ကာကွယ်ရေးပစ္စည်းများကို စုပေါင်းအဖွဲ့ဖြင့် ပြန်လည် ဝေငှလှူဒါန်း
ဒီဇင်ဘာ 7, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင်းရှိ ပြည်သူများအတွက် ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက် ဆရာတော်မှ လှူဒါန်းပေးထားသည့် COVID-19 ကာကွယ်ရေးပစ္စည်းများကို စုပေါင်းအဖွဲ့ဖြင့် ပြန်လည် ဝေငှလှူဒါန်း
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ပေါ် နေရာများတွင်  ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်မှ လှူဒါန်းပေးထားသည့်  COVID-19 ကာကွယ်ရေးပစ္စည်းများကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့ နံနက်ပိုင်းက စုပေါင်းအဖွဲ့များ ခွဲ၍ ဒေသတွင်းနေ ပြည်သူများထံ ဝေငှလှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 
ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်မှ ဦးစီးပဓာန နာယကဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ၊ ကမ္မဋ္ဌာနာစရိယ၊ မဟာကမ္မဋ္ဌာနာ စရိယ၊ Ph.D ( Vipassana Bhavana MCU  ) (Thailand) အဂ္ဂမဟာကမ္မဋ္ဌာနာ စရိယ ဒေါက်တာ ဘဒ္ဒန္တဝိရောစနမှ လှူဒါန်းပေးသည့် COVID-19 ကာကွယ်ရေးပစ္စည်း တစ်ထုပ်လျှင်   (၁) ခါသုံး Mask (၃) ခု၊ အဝတ် Mask (၁) ခု၊ Hand Gel (၁) ဘူးနှင့် Hand Sanitizer Spary (၁) ဘူးပါဝင်သည်။ 
“မနက်က မြို့ထဲမှာဝေတာက (၅,၆၃၁) ထုပ်၊ ဝန်ထမ်းတွေအတွက်ပါ ပါရင် (၈,၀၀၀) ကျော်။ ဝန်ထမ်းတွေအတွက်က သူ့သက်ဆိုင်ရာရုံးအလိုက် လိုက်ပေးလိုက်တယ်။ မြို့ထဲမှာ (၁၅) နေရာခွဲပြီး ဝေလိုက်တယ်။ ဈေးတွေပါ ပါတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရုံးအဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းလူမှုရေးအသင်းအဖွဲ့များ နှင့် သက်ဆိုင်ရာများက သတ်မှတ်နေရာများအလိုက် နံနက်ပိုင်းက တပြိုင်နက်တည်း ပေးဝေခဲ့ကြခြင်း ဖြစ်သည်။
ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်မှ ယခုလို Covid-19 ကာလအတွင်း လှူဒါန်းပေးခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ဖြစ်သည့် အောက်တိုဘာလ(၂၅)ရက်နေ့တုန်းက  ထိုင်းဘတ်ငွေ တန်ဖိုး ( ၃,၁၁၈,၇၂၀)ဘတ်ရှိ ဆေးပစ္စည်းများကို တာချီလိတ်မြို့ အပါအဝင် နိုင်ငံအတွင်းရှိ နေရာပေါင်း (၅၂)နေရာသို့ လှူဒါန်းထားကြောင်း သိရသည်။

တာချီလိတ်မြို့တွင် နိုဝင်ဘာလ(၂၂)ရက်နေ့မှ ဒီဇင်ဘာလ(၇)ရက်နေ့အထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၇၃)ဦးရှိနေပြီး (၃)ဦးမှာ ဆေးရုံက ဆင်းခွင့်ရသွားပြီ ဖြစ်သည်။

  Tachileik News Agency
သတင်း/ဓါတ်ပုံ - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~