ကျိုင်းတုံဆေးရုံ၌ စစ်ထားသည့် ဓာတ်ခွဲနမူနာ (၈)ခုတွင် COVID ပိုးမတွေ့အဖြေရထားပြီး တာချီလိတ်ဆေးရုံတွင် အောက်တိုဘာလ (၆)ရက်နေ့၌ ဓာတ်ခွဲနမူနာ (၁)ခု စစ်ဆေးမည်

ကျိုင်းတုံဆေးရုံ၌ စစ်ထားသည့် ဓာတ်ခွဲနမူနာ (၈)ခုတွင် COVID ပိုးမတွေ့အဖြေရထားပြီး တာချီလိတ်ဆေးရုံတွင် အောက်တိုဘာလ (၆)ရက်နေ့၌ ဓာတ်ခွဲနမူနာ (၁)ခု စစ်ဆေးမည်
အောက်တိုဘာ 5, 2020
By Tachileik News Agency
ကျိုင်းတုံဆေးရုံ၌ စစ်ထားသည့် ဓာတ်ခွဲနမူနာ (၈)ခုတွင် COVID ပိုးမတွေ့အဖြေရထားပြီး တာချီလိတ်ဆေးရုံတွင် အောက်တိုဘာလ (၆)ရက်နေ့၌  ဓာတ်ခွဲနမူနာ (၁)ခု စစ်ဆေးမည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံပြည်သူ့ဆေးရုံ၌ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့တွင် စစ်ဆေးပေးသည့် ဓာတ်ခွဲနမူနာ (၈) ခုတွင် COVID 19 ပိုးမတွေ့ရကြောင်း ဓာတ်ခွဲအဖြေရထားပြီး တာချီလိတ်ပြည်သူ့ဆေးရုံတွင်လည်း မိုင်းဆတ်မြို့မှ စောင့်ကြည့်လူနာ (၁) ဦး၏ ဓာတ်ခွဲနမူနာကို  အောက်တိုဘာလ (၆)ရက်နေ့၌ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ကျိုင်းတုံဆေးရုံမှာ ဒီနေ့စစ်ပေးတဲ့ မက်မန်းက (၈)ခုကတော့ Negative ဖြစ်တယ်။ တောင်ကြီးကို ပို့စစ်ထားတာတွေကတော့ မနက်ဖြန်လောက်မှ အဖြေပါလောက်တယ်။”ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မက်မန်းမြို့မှ ပေးပို့လာသည့် ဓာတ်ခွဲနမူနာ (၈) ခုကို ကျိုင်းတုံပြည်သူ့ဆေးရုံ၌ စစ်ဆေးပေးခဲ့ခြင်းဖြစ်ပြီး မိုင်းဆတ်မြို့မှ ပေးပို့လာသည့် ဓာတ်ခွဲနမူနာကို တာချီလိတ်ပြည်သူ့ဆေးရုံတွင် အောက်တိုဘာလ (၆)ရက်နေ့၌ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“မိုင်းဆတ်ကပို့ထားတဲ့ ဓာတ်ခွဲနမူနာကို မနက်ဖြန်မှာ စစ်ပေးသွားမယ်။ တာချီလိတ်မှာကတော့ အသွားအလာကန့်သတ်ထားတဲ့သူတွေရဲ့ ဓာတ်ခွဲနမူနာကို မနေ့က တောင်ကြီးပို့ထားတယ်။ စောင့်ကြည့်လူနာ မရှိဘူး”ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က ပြောသည်။
တာချီတ်လိတ်မြို့တွင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှလာ၍ အသွားအလာကန့်သတ်ထားသူ (၄၄) ဦး အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် အသွားအလာကန့်သတ်ထားသူ (၅၈)ဦး၏ ဓာတ်ခွဲနမူနာများကို တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနသို့ အောက်တိုဘာလ (၄)ရက်နေ့က ပို့စစ်ထားခြင်းဖြစ်သည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် COVID 19 အတည်ပြုလူနာ စုစုပေါင်း (၆)ဦးလုံးမှာ ဆေးရုံဆင်းသွားနိုင်ပြီဖြစ်၍ လက်ရှိအချိန်တွင် COVID 19 အတည်ပြုလူနာမရှိတော့သည့် ဒေသဖြစ်သည်။
ဒေသတွင်း COVID 19 ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရေးအတွက် ရှမ်းပြည်နယ်တွင်းမှလွဲ၍ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လာရောက်သူအားလုံးနှင့် ပြည်ပမှ ပြန်ရောက်လာသူများအား အသွားအလာကန့်သတ်၍ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခြင်းကို လုပ်ဆောင်နေခြင်းဖြစ်သည်။
၂၀၂၀ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့တွင် နိုင်ငံအတွင်း Covid-19 အတည်ပြုလူနာ (၉၈၇)ဦးထပ်တိုးပြီး သေဆုံးသူမှာလည်း (၃၂)ဦး ထပ်တိုး၍ ကူးစက်ခံရသူ စုစုပေါင်း (၁၈,၇၈၁)ဦးအထိရှိနေပြီး သေဆုံးသူမှာလည်း စုစုပေါင်း (၄၄၄)ဦး ရှိနေပြီဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~