တာချီလိတ် Quarantine Center တွင် ထိုင်းဘက်မှ နေရပ်ပြန်နှင့် ပြစ်ဒဏ်စေ့များ ထပ်တိုးလာ၍ quarantine ဝင်နေသူ (၂၅၀)ဝန်းကျင်အထိ တိုးလာ

တာချီလိတ် Quarantine Center တွင် ထိုင်းဘက်မှ နေရပ်ပြန်နှင့် ပြစ်ဒဏ်စေ့များ ထပ်တိုးလာ၍ quarantine ဝင်နေသူ (၂၅၀)ဝန်းကျင်အထိ တိုးလာ
အောက်တိုဘာ 16, 2020
By Tachileik News Agency
တာချီလိတ် Quarantine Center တွင် ထိုင်းဘက်မှ နေရပ်ပြန်နှင့် ပြစ်ဒဏ်စေ့များ ထပ်တိုးလာ၍ quarantine ဝင်နေသူ (၂၅၀)ဝန်းကျင်အထိ တိုးလာ
မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းမှ  နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသား (၇၀)ဦးအနက် တာချီလိတ်မြို့နယ် အတွင်းမှ (၁၀)ဦးကို quarantine center တွင် ထပ်မံပို့ဆောင်ထား၍ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့၌ တာချီလိတ်မြို့၌ quarantine ထားရှိသူ (၂၅၀)ဝန်းကျင်ရှိလာပြီဖြစ်သည်။

“တာချီလိတ်က (၁၀) ဦးကိုတော့ quarantine မှာ ထားထားတယ်။ ဒီနေ့ရောက်လာတဲ့ ပြစ်ဒဏ်စေ့က (၁၁၁) ကျော်ဆိုတော့ ဒီနေ့ဝင်တာက (၁၂၁)ဦးရှိတယ်။ နောက် မဲရုံစောင့်မယ့် ကျောင်းဆရာမတွေချည်းကိုက (၁၀၀) ကျော်ရှိတယ်။ Stay at home ကြေညာထားတဲ့နေရာကလာလို့ quarantine ထားသူနဲ့ဆို အားလုံးပေါင်း (၂၅၀) ဝန်းကျင်ရှိပါတယ်”

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)မှတစ်ဆင့် နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသား အမျိုးသား (၂၆)ဦးနှင့် အမျိုးသမီး (၄၄)ဦးတို့ကို တာချီလိတ်ဘက်မှ တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးလက်ခံပြီးနောက် နေရပ်အသီးသီးအလိုက် quarantine ဝင်နိုင်ရန် မော်တော်ယာဉ်များ စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။
Quarantine ထားရှိသူများကို COVID 19 ဓာတ်ခွဲနမူနာများ ရယူစစ်ဆေးပေးသွားမည်ဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း
⊰❂ #TachileikNewsAgency #TNA #TachileikOnlineNews #Tachileik #Myanmar #MyanmarNews #MyanmaronlineNews

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~