တာချီလိတ်တွင် COVID-19 စစ်ဆေးပေးခြင်းများနှင့် ပတ်သက်၍ နေ့ရက် ပြောင်းလဲ သတ်မှတ်

တာချီလိတ်တွင် COVID-19 စစ်ဆေးပေးခြင်းများနှင့် ပတ်သက်၍ နေ့ရက် ပြောင်းလဲ သတ်မှတ်
သြဂုတ် 2, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 သံသယနှင့် အတည်ပြုလူနာဖြင့် ထိတွေ့သူများ တစ်ဦးလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ဆေးရုံဟောင်းအတွင်းရှိ Fever Clinic တွင် သတ်မှတ်နေ့အလိုက် အလှည့်ကျ စစ်ဆေးနိုင်ကြောင်း သိရသည်။

သံသယလက္ခဏာရှိသူများ အနေဖြင့် အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် လည်းကောင်း အတည်ပြုလူနာဖြင့်ထိတွေ့သူများ အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေနှင့် တနင်္ဂနွေနေ့များတွင်လည်းကောင်း စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

အတည်ပြုလူနာ စုစုပေါင်း (၁၄၅၀)ဝန်းကျင်ရှိနေသည့် တာချီလိတ်မြို့တွင် နေ့စဉ် စစ်ဆေးခံယူသူများမှ အတည်ပြုလူနာတိုးနေသည့်အပြင် အတည်ပြုလူနာဖြင့်ထိတွေ့သူများကိုလည်း ကျန်းမာရေးဌာနက ယခင်ကဲ့သို့ ကွင်းဆက်ဖေါ်ထုတ်၍ အသွားအလာကန့်သတ်စစ်ဆေးခြင်း မလုပ်နိုင်သဖြင့် စစ်ဆေးမှု မခံယူသည့် အတည်ပြုလူနာများလည်း စာရင်းမရနိုင်ဘဲဖြစ်နေသည်။

#TachileikNewsAgency