မကွေးတိုင်းဒေသကြီးအတွင်း Covid-19 အတည်ပြုလူနာ (၇)ဦး ထပ်တိုးရာ အသက် (၄)နှစ်အရွယ် ကလေး (၁)ဦး ပါဝင်

မကွေးတိုင်းဒေသကြီးအတွင်း Covid-19 အတည်ပြုလူနာ (၇)ဦး ထပ်တိုးရာ အသက် (၄)နှစ်အရွယ် ကလေး (၁)ဦး ပါဝင်
အောက်တိုဘာ 3, 2020
By Tachileik News Agency
မကွေးတိုင်းဒေသကြီးအတွင်း Covid-19 အတည်ပြုလူနာ (၇)ဦး ထပ်တိုးရာ  အသက် (၄)နှစ်အရွယ် ကလေး (၁)ဦး ပါဝင်
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်နှင့် အောင်လံမြို့နယ်တို့တွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့၌ COVID-19 အတည်ပြုလူနာ (၇) ဦး ထပ်တိုးလာရာတွင် အသက် (၄)နှစ်အရွယ် ကလေးတစ်ဦး ပါဝင်လာပြီး မကွေးတိုင်းတွင် ပိုးတွေ့အတည်ပြုလူနာ (၅၁) ဦးအထိ ရှိလာပြီဖြစ်သည်။
“အားလုံး ရန်ကုန်ပြန်တွေဖြစ်ပြီး Facility Quarantine ဝင်နေသူများ ဖြစ်ပါတယ်။ သက်ဆိုင်ရာ မြို့နယ်များမှာ ဆေးကုသမှုခံယူစေမှာ ဖြစ်ပါတယ်။ ပွင့်ဖြူမြို့နယ်က (၁) ဦး၊ ပခုက္ကူမြို့နယ်က (၁) ဦး ပိုးတွေ့တယ်ဆိုတာက ရန်ကုန်နဲ့ မန္တလေးတို့မှာ ပိုးတွေ့သူတွေဖြစ်ပါတယ်”ဟု မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။ 
အောက်တိုဘာလ (၃)ရက်နေ့တွင် စလင်းမြို့နယ်မှ အသက် (၄၄) နှစ်အရွယ် အမျိုးသမီး(၁)ဦး၊ အသက်(၂၄)နှစ်အရွယ် အမျိုးသမီး(၁)ဦး၊ အသက်(၂၂)နှစ်အရွယ် အမျိုးသမီး(၁)ဦးနှင့် အသက်(၄)နှစ်အရွယ် ယောကျ ်ားလေး(၁)ဦးတို့ ပိုးတွေ့ရှိရပြီး အောင်လံမြို့နယ်မှ အသက်(၃၁)နှစ်၊ (၃၉)နှစ်နှင့် (၃၄)နှစ်အရွယ် အမျိုးသား(၃)ဦးတို့ COVID-19 ပိုးတွေ့လူနာဖြစ်ခဲ့ကြကြောင်း သိရသည်။  
မကွေးတိုင်းဒေသကြီးတွင် ပိုးတွေ့အတည်ပြုလူနာစုစုပေါင်း (၅၁) ဦးရှိလာသည့်အနက်  (၃၀)ဦးမှာ ဆေးရုံဆင်းခွင့်ရသွားပြီဖြစ်၍ ကုသမှုခံယူဆဲလူနာ (၂၁)ဦးရှိနေခြင်းဖြစ်သည်။
 
 Tachileik News Agency
သတင်း - ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~