မြန်မာ့အိမ်နီးချင်း လာအိုနိုင်ငံတွင် တတိယမြောက် COVID-19 အတည်ပြုလူနာ (၁)ဦး ထပ်မံတွေ့ရှိ

မြန်မာ့အိမ်နီးချင်း လာအိုနိုင်ငံတွင် တတိယမြောက် COVID-19 အတည်ပြုလူနာ (၁)ဦး ထပ်မံတွေ့ရှိ
မတ် 25, 2020
By Tachileik News Agency
မြန်မာ့အိမ်နီးချင်း လာအိုနိုင်ငံတွင် တတိယမြောက် COVID-19 အတည်ပြုလူနာ (၁)ဦး ထပ်မံတွေ့ရှိ

မြန်မာ့အိမ်နီးချင်း လာအိုနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ (၁)ဦးကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့တွင် ထပ်မံတွေ့ရသဖြင့် အတည်ပြုလူနာ (၃)ဦးအထိ ရှိလာပြီဖြစ်သည်။

အသစ်တွေ့ရသည့် လူနာမှာ အသက် (၂၆)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး မတ်လ (၂၄)ရက်နေ့က အတည်ပြုလူနာမှာ ဗီယင်တိုင်းမြို့တော်ရှိ ဟိုတယ်ဝန်ထမ်း အသက် (၂၈)နှစ်အရွယ် အမျိုးသားနှင့် အသက် (၃၆)နှစ်အရွယ် ဧည့်လမ်းညွှန် အမျိုးသမီးတို့ဖြစ်သည်။

လာအိုနိုင်ငံတွင်း အတည်ပြုလူနာများ တွေ့ရသည့်အပြင် ထိုင်းနိုင်ငံမှ နေရပ်ပြန်အများအပြားရှိနေသဖြင့် သီးခြားနေထိုင်ခြင်း၊ လူစုလူဝေးမလုပ်ကြဘဲ ရောဂါမကူးစက်နိုင်သည့်အကွာအဝေး (၃)ပေအကွာမှ သွားလာနေထိုင်ခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လိုက်နာဆောင်ရွက်ကြရန်နှင့် ထိုင်းနိုင်ငံမှ နေရပ်ပြန်များ နေအိမ်တွင် (၁၄)ရက် ခွဲခြားနေထိုင်ခြင်းများ လုပ်ဆောင်ကြရန် လာအိုဝန်ကြီးချုပ်က တိုက်တွန်းထားသည်။

Tachileik News Agency
Source: Laotiantimes

ဆက်စပ်သတင်း
မြန်မာနိုင်ငံအတွင်း COVID-19 အတည်ပြုလူနာ တွေ့ရှိပြီးနောက် လာအိုနိုင်ငံတွင်လည်း အတည်ပြုလူနာတွေ့ရှိကြောင်း သတင်းထုတ်ပြန်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~