တာချီလိတ်ယာဉ်ထိန်းရဲရုံးအနီး ကားက ဆိုင်ကယ်များကို တိုက်မိပြီး လူ(၂)ဦး ထိခိုက်ဒဏ်ရာရ

တာချီလိတ်ယာဉ်ထိန်းရဲရုံးအနီး ကားက ဆိုင်ကယ်များကို တိုက်မိပြီး လူ(၂)ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ အမှတ်(၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(တာချီလိတ်) နှင့် ကညနရုံး အနီး  အကွေ့တွင် ကားတစ်စီးက ဆိုင်ကယ်များကို တိုက်မိပြီး လူ(၂)ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယနေ့ ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၉)ရက်နေ့ နံနက်(၆)နာရီဝန်းကျင်အချိန်က ယာဉ်ထိန်းရဲရုံးနှင့် ကညနရုံးအနီးရှိ အကွေ့တွင် ကားတစ်စီးမှ အရှိန်လွန်ပြီး ဆိုင်ကယ်များကို တိုက်မိရာမှ  အမျိုးသမီးတစ်ဦးမှာ ဘယ်ဘက်ခြေထောက် ဒဏ်ရာရရှိပြီး အသက်(၃၂)နှစ်ဝန်းကျင်အရွယ် အမျိုးသားမှာ ဘက်ခြေထောက် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

"မနက်က အဲ့အကွေ့မှာ ယာဉ်တိုက်မှု ဖြစ်တာတွေ့ခဲ့တယ်။ အမျိုးသမီးတစ်ဦး ခြေထောက်ဒဏ်ရာရနေတာကိုလည်း တွေ့တယ်။ သတိထားမောင်းကြတာ ကောင်းမယ်ဗျာ တာချီလိတ်ထုံးစံကတော့ သိတဲ့အတိုင်းပဲ  ယာဉ်တိုက်မှုဖြစ်ပြီဆိုတာတဲ့ မော်တော်ပီကယ်ကို ပေးရတာနဲ့ အတော်ကုန်မှာ"ဟု ဒေသခံ တစ်ဦးက ဆိုသည်။

 ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူများကို ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းက ဆေးရုံသို့ ကူညီပို့ဆောင်ပေးထားကြောင်း သိရသည်။



#TachileikNewsAgency

Photo:  ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း