သီပေါတံတားမှ ခုန်ချသွားသည့် အမျိုးသမီးကို တစ်ရက်အကြာတွင် ရှာဖွေတွေ့ရှိ

သီပေါတံတားမှ ခုန်ချသွားသည့် အမျိုးသမီးကို တစ်ရက်အကြာတွင် ရှာဖွေတွေ့ရှိ
ဇူလိုင် 29, 2020
By 🌸
သီပေါတံတားမှ ခုန်ချသွားသည့် အမျိုးသမီးကို တစ်ရက်အကြာတွင် ရှာဖွေတွေ့ရှိ

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါ - လားရှိုးလမ်းပိုင်းရှိ သီပေါတံတားပေါ်မှ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်နေ့ ညပိုင်းတွင် ခုန်ချသွားသည့် အမျိုးသမီး၏ အသက်မဲ့ခန္ဓာကိုယ်အား ဇူလိုင်လ (၂၉) ရက်နေ့ ညနေပိုင်းတွင် ပြန်လည်တွေ့ရှိကြောင်း သိရသည်။

“သီပေါမြို့နယ် နောင်အိန်ကျေးရွာအနီးက ကမ်းစပ်တစ်ခုမှာ ငုတ်တိုင်တစ်တိုင်နဲ့ငြိနေတာကို ဒီညနေ (၆) နာရီလောက်က ဒေသခံတွေက တွေ့ခဲ့ပြီးအကြောင်း ကြားခဲ့တာဖြစ်ပါတယ်။ တွေ့ရှိတဲ့ အလောင်းကိုတော့ သီပေါပြည်သူ့ဆေးရုံကို ပို့ထားပေးပါတယ်”
ဟု နယ်စည်းမခြားပရဟိတအသင်း (သီပေါ)မှ ကိုမျိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အမျိုးသမီးမှာ မိုးကုတ်မြို့၊ ကျပ်ပြင်ကျေးရွာမှ အသက် (၃၉) နှစ်အရွယ် မစော်မီသာဖြစ်ကြောင်း  သီပေါတံတားပေါ်တွင် ကျန်ခဲ့သည့် အဝတ်အိတ်အတွင်းမှ မှတ်ပုံတင်အရ အတည်ပြုထားသည်။
သီပေါတံတားပေါ်တွင် ဇူလိုင်လ (၂၈) ရက်နေ့ ည (၈) နာရီ မိနစ် (၂၀) ခန့်ဝန်းကျင်က အဝတ်အိတ်နှင့် ဖိနပ်ကိုထားခဲ့ကာ အမျိုးသမီးတစ်ဦး ခုန်ချသွားသည်ကို တံတားတွင် ညပိုင်းလမ်းလျှောက်နေသူ အချို့က မြင်တွေ့ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

အမျိုးသမီးခုန်ချသွားရာနေရာတစ်ဝိုက်တွင် ဇူလိုင်လ (၂၈) ရက်နေ့ညပိုင်းကတည်းက သီပေါမြို့နှင့် ကျောက်မဲမြို့တို့မှ ပရဟိတ အသင်းအချို့နှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့တို့က လိုက်လံရှာဖွေခဲ့ကြခြင်းဖြစ်ပြီး ဇူလိုင်လ (၂၉) ရက်နေ့ ညနေ (၆) နာရီဝန်းကျင်တွင် ပြန်လည်တွေ့ရှိကြခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - Ax Sai


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~