မိုင်းဆတ်မြို့နယ်အတွင်း ပူနာကိုးတွင် တာချီလိတ်မှ ပြန်လာ၍ အသွားအလာကန့်သတ်ထားသူတစ်ဦးထံက COVID 19 ပိုးတွေ့

မိုင်းဆတ်မြို့နယ်အတွင်း ပူနာကိုးတွင် တာချီလိတ်မှ ပြန်လာ၍ အသွားအလာကန့်သတ်ထားသူတစ်ဦးထံက COVID 19 ပိုးတွေ့
ဒီဇင်ဘာ 17, 2020
By Tachileik News Agency
မိုင်းဆတ်မြို့နယ်အတွင်း ပူနာကိုးတွင် တာချီလိတ်မှ ပြန်လာ၍ အသွားအလာကန့်သတ်ထားသူတစ်ဦးထံက COVID 19 ပိုးတွေ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပူနားကိုကျေးရွာတွင် တာချီလိတ်မှ ပြန်လာ၍ အသွားအလာကန့်သတ်ထားသည့် အမျိုးသား (၁)ဦးကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့၌ စစ်ဆေးရာ COVID 19 ပိုးတွေ့ရကြောင်း သိရသည်။
"မိုင်းဆတ်မှာ အခုက တတိယမြောက်လူနာပေါ့။ ဒါပေမဲ့ ဒေသတွင်းကူးစက်မှုအနေနဲ့ကတော့ ပထမဆုံးလူနာပေါ့။ သူက တာချီလိတ် ပါလျှံ(၁)မှာ တစ်လလောက်နေခဲ့ပြီး (၁၄)ရက်နေ့က မိုင်းဆတ်ပြန်တယ်။ အဲဒီမှာ ပူနားကိုရွာမှာ quarantine ထားထားတာ။ ဒီနေ့ RDT နဲ့စစ်တာ"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အတည်ပြုလူနာမှာ တာချီလိတ်မြို့ ရန်မြေရပ်ကွက်အတွင်း ပါလျှံ(၁)တွင် နေခဲ့သည်ဟု သိထားရသည့်အတွက် သက်ဆိုင်ရာမှာ ဆက်လက် မေးမြန်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ အတည်ပြုလူနာကို မိုင်းဆတ်ပြည်သူ့ဆေးရုံ၌ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းတုံ၊ မိုင်းယန်း၊ မိုင်းယောင်းနှင့် မိုင်းပျဉ်းတို့၌ အတည်ပြုလူနာများ တွေ့ထားရခြင်းဖြစ်ပြီး ဒီဇင်ဘာလ (၁၇) ရက်နေ့ ယခုထပ်တိုးလူနာ (၁)ဦးအပါအဝင် အတည်ပြုလူနာ (၁၃၉) ဦးရှိသည့်အနက် (၁၀၉)ဦးမှာ ဆေးရုံဆင်းခွင့်ရပြီဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~