ပြည်သူနှင့်အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည့် ကယားပြည်နယ်တွင် လေယာဥ်(၂)စီး အတတ်အဆင်း ပြုလုပ် 

ပြည်သူနှင့်အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည့် ကယားပြည်နယ်တွင် လေယာဥ်(၂)စီး အတတ်အဆင်း ပြုလုပ် 
မေ 24, 2021 | ကယား

ကယားပြည်နယ်၊ လွိုင်ကော်မြို့ တွင် ယနေ့ မေလ (၂၄)ရက်နေ့ နံနက်ပိုင်းတွင် စစ်လေယာဥ် (၁)စီး နှင့် ခရီးသည်တင်လေယာဥ်ပုံစံ (၁)စီးတို့ အတတ်အဆင်းပြုလုပ် သွားကြောင်းသိရသည်။

ဒါကပုံမှန် မဟုတ်ဘူးဆိုတာ အားလုံးသိပါတယ်။ ဒီချိန်က ခရီးသွားတဲ့သူ မရှိသလို လေယာဥ် (၂)စီးဆင်းတယ်ဆိုတာ လုံးဝကို ပုံမှန်မဟုတ်တာပါ။ သူတို့အင်အားဖြည့်တာလား ။ အလောင်းတွေ လာသယ်တာလား တော့မသိဘူးပေါ့လေ။ လေယာဥ်ကတော့ (၂)စီးလာသွားပါတယ်

ဟု လွိုင်ကော်မြို့ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ နံနက်(၁၀)နာရီက ပြောသည်။ 

မေလ (၂၃)ရက်နေ့ ညနေပိုင်းကလည်း လေယာဥ်တစ်စီးအမြင့်ပျံသန်းမှုရှိခဲ့ပြီး ယနေ့ မေလ (၂၄)ရက်နေ့ နံနက်ပိုင်းတွင် လွိုင်ကော်လေဆိပ်သို့ လေယာဥ်(၂)စင်း အတတ်အဆင်းပြုလုပ်ခဲ့ကာ ဒုတိယတစ်စီးမှာ စစ်လေယာဥ်ဖြစ်ကြောင်း သိရပြီး ဒေသခံများ ပြောပြချက်အရ စစ်တပ်လူအင်အားများ လာရောက်ပို့ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုထားသည်။

 

ကယားပြည်နယ်တွင် လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးတစ်လျှောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များနှင့် အာဏာသိမ်းတပ်များ နေ့စဥ် တိုက်ပွဲများ ဖြစ်ပွားနေသည်။