တာခ်ီလိတ္ေလဆိပ္တြင္ ခရီးသြားျပည္သူမ်ားအတြက္ သန္႔စင္ခန္းမ်ားအား အသစ္ျပန္လည္ ျပဳလုပ္ေပးမႈအျဖစ္ ဇြန္လ(၁၄)ရက္ေန႔ကစ၍ လုပ္ေဆာင္ေန

တာခ်ီလိတ္ေလဆိပ္တြင္ ခရီးသြားျပည္သူမ်ားအတြက္ သန္႔စင္ခန္းမ်ားအား အသစ္ျပန္လည္ ျပဳလုပ္ေပးမႈအျဖစ္ ဇြန္လ(၁၄)ရက္ေန႔ကစ၍ လုပ္ေဆာင္ေန
ဇွန် 14, 2019
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ရွိ တာခ်ီလိတ္ေလဆိပ္တြင္ ခရီးသြားျပည္သူမ်ား အဆင္ေျပေစေရးအတြက္ ေလဆိပ္တြင္းရွိ သန္႔စင္ခန္းမ်ားကို အသစ္လဲလွယ္ျပဳျပင္ရန္ ႏွင့္ သံုးစြဲေရေကာင္းမြန္ေရးအတြက္ ေဆာင္ရြက္ရန္  ေလေၾကာင္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ကို္ယ္တိုင္ လာေရာက္ စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီးေနာက္  ဇြန္လ(၁၄)ရက္ေန႔တြင္ လုပ္ငန္းစတင္ေနၿပီျဖစ္ေၾကာင္း သိရသည္။

ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၏ ေလေၾကာင္း ပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမင္းလြင္ႏွင့္ ညႊန္ၾကားေရးမွဴး ဦးေက်ာ္စိုး အပါအ၀င္ တာ၀န္ရွိသူမ်ားက တာခ်ီလိတ္ေလဆိပ္အတြင္းရွိ သန္႔စင္ခန္းမ်ား သန္႔ရွင္းသပ္ရပ္မႈ ရွိေစေရး ႏွင့္ သံုးစြဲေရေကာင္းမြန္ေရး အျပင္  ေလယာဥ္ကြင္းေျပးလမ္းအေျခအေနမ်ား ႏွင့္ ပတ္သက္၍ ၂၀၁၉ခုႏွစ္ ဇြန္လ(၁၃)ရက္ေန႔က  လာေရာက္စစ္ေဆးၾကည့္ရႈရာ တာခ်ီလိတ္ေလဆိပ္တာ၀န္ခံ ဦး၀င္းျမင့္ မွလိုက္လံ ရွင္းလင္းျပသၿပီးေနာက္ ညႊန္ၾကားေရးမွဴးခ်ဳပ္က အိမ္သာကိစၥအား အျမန္ဆံုးလုပ္ေဆာင္ရန္ မွာၾကားသြားေၾကာင္း သိရသည္။

"ေရစင္ေတြလည္း အသစ္ေဆာက္မယ္၊ အဓိက ကေတာ့ ေရစစ္ကန္ေပါ့၊ အိမ္သာအားလံုးကို အသစ္ျပင္ဆင္လိုက္မယ္၊ ေၾကြခြက္ေတြကအစ အသစ္ျပန္လည္ လဲမယ္၊ ဒီေန႔က စလုပ္ေနပါၿပီ၊ အခုက အိမ္သာအတြက္အဓိက လုပ္ေနပါတယ္၊"ဟု တာခ်ီလိတ္ေလဆိပ္တာ၀န္ခံ ဦး၀င္းျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇြန္လ(၁၄)ရက္ေန႔တြင္ ေျပာသည္။

တာခ်ီလိတ္ေလဆိပ္တြင္ သံုးစြဲေနရသည့္ ေရမ်ားမွာ ေကာင္းမြန္ျခင္း မရွိသည့္အတြက္ ေရကန္ျပန္လည္တူးေဖာ္ျခင္း၊ အိမ္သာက်င္းမ်ား အသစ္ျပန္လည္ေဖာ္ေဆာင္ျခင္းႏွင့္ သန္႔စင္ခန္း လက္ေဆးခြက္ ႏွင့္ အိမ္သာေၾကြခြက္မ်ားကို အသစ္လဲလွယ္တပ္ဆင္ျခင္းမ်ားကို ဇြန္(၁၄)ရက္ေန႔က စတင္ကာ အျမန္ဆံုးလုပ္ေဆာင္ေနလ်က္ရွိေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ တာချီလိတ်လေဆိပ်တွင် ခရီးသွားပြည်သူများ အဆင်ပြေစေရေးအတွက် လေဆိပ်တွင်းရှိ သန့်စင်ခန်းများကို အသစ်လဲလှယ်ပြုပြင်ရန် နှင့် သုံးစွဲရေကောင်းမွန်ရေးအတွက် ဆောင်ရွက်ရန် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ကို်ယ်တိုင် လာရောက် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဇွန်လ(၁၄)ရက်နေ့တွင် လုပ်ငန်းစတင်နပြေီဖြစ်ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်နှင့် ညွှန်ကြားရေးမှူး ဦးကျော်စိုး အပါအဝင် တာဝန်ရှိသူများက တာချီလိတ်လေဆိပ်အတွင်းရှိ သန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်မှု ရှိစေရေး နှင့် သုံးစွဲရေကောင်းမွန်ရေး အပြင် လေယာဉ်ကွင်းပြေးလမ်းအခြေအနေများ နှင့် ပတ်သက်၍ ၂၀၁၉ခုနှစ် ဇွန်လ(၁၃)ရက်နေ့က လာရောက်စစ်ဆေးကြည့်ရှုရာ တာချီလိတ်လေဆိပ်တာဝန်ခံ ဦးဝင်းမြင့် မှလိုက်လံ ရှင်းလင်းပြသပြီးနောက် ညွှန်ကြားရေးမှူးချုပ်က အိမ်သာကိစ္စအား အမြန်ဆုံးလုပ်ဆောင်ရန် မှာကြားသွားကြောင်း သိရသည်။

"ရေစင်တွေလည်း အသစ်ဆောက်မယ်၊ အဓိက ကတော့ ရေစစ်ကန်ပေါ့၊ အိမ်သာအားလုံးကို အသစ်ပြင်ဆင်လိုက်မယ်၊ ကြွေခွက်တွေကအစ အသစ်ပြန်လည် လဲမယ်၊ ဒီနေ့က စလုပ်နေပါပြီ၊ အခုက အိမ်သာအတွက်အဓိက လုပ်နေပါတယ်၊"ဟု တာချီလိတ်လေဆိပ်တာဝန်ခံ ဦးဝင်းမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၁၄)ရက်နေ့တွင် ပြောသည်။

တာချီလိတ်လေဆိပ်တွင် သုံးစွဲနေရသည့် ရေများမှာ ကောင်းမွန်ခြင်း မရှိသည့်အတွက် ရေကန်ပြန်လည်တူးဖော်ခြင်း၊ အိမ်သာကျင်းများ အသစ်ပြန်လည်ဖော်ဆောင်ခြင်းနှင့် သန့်စင်ခန်း လက်ဆေးခွက် နှင့် အိမ်သာကြွေခွက်များကို အသစ်လဲလှယ်တပ်ဆင်ခြင်းများကို ဇွန်(၁၄)ရက်နေ့က စတင်ကာ အမြန်ဆုံးလုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net