မန္တလေး - လားရှိုး - မူဆယ်လမ်းပေါ်ရှိ ဂုတ်တွင်းတံတားအား ရေရှည်အသုံးပြုနိုင်ရန်အတွက် ဝိုင်းဝန်းစောင့်ရှောက်ရန် ပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်း

မန္တလေး - လားရှိုး - မူဆယ်လမ်းပေါ်ရှိ ဂုတ်တွင်းတံတားအား ရေရှည်အသုံးပြုနိုင်ရန်အတွက် ဝိုင်းဝန်းစောင့်ရှောက်ရန် ပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်း
အောက်တိုဘာ 23, 2020
By Tachileik News Agency

 

မန္တလေး - လားရှိုး - မူဆယ်လမ်းပေါ်ရှိ ဂုတ်တွင်းတံတားအား ရေရှည်အသုံးပြုနိုင်ရန်အတွက် ဝိုင်းဝန်းစောင့်ရှောက်ရန် ပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်အတွင်း မန္တလေး - လားရှိုး - မူဆယ်လမ်းပေါ်ရှိ ဂုတ်တွင်းတံတားအား ကျပ်သန်းပေါင်း (၈၇၄)သန်း အကုန်ကျခံကာ တည်ဆောက်ပြီးသည်ဖြစ်၍ ရေရှည်အသုံးပြုနိုင်ရန်အတွက်  အားလုံးဝိုင်းဝန်း စောင့်ရှောက်ကြရန် ပြည်နယ်ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားသွားသည်။
"တကယ်လို့သာ အရင်က ရှိခဲ့တဲ့ တံတားကို မိုင်းခွဲ မဖျက်ဆီးခံရဘူး ဆိုရင် တံတားအသစ်အတွက် ကုန်ကျရတဲ့ ငွေကြေးတွေဟာ အခုလို ကာလမျိုးမှာ ပြည်သူတွေရဲ့ ကျန်းမာရေး၊ စီးပွားရေးတွေအတွက် အသုံးပြုဖို့ အတော်လုံလောက်တဲ့ ပမာဏ တစ်ခုပါ။ ဒါကြောင့် အခု တံတားအသစ်ကြီးကိုရေရှည်အသုံးပြုနိုင်ဖို့ သက်ဆိုင်သူတွေနဲ့ အသုံးပြုသူ ပြည်သူတွေကလဲ ဝိုင်းဝန်း စောင့်ရှောက်ပေးစေလိုပါတယ်"ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားသွားသည်။
အဆိုပါ တံတား၏ ဖွင့်ပွဲအဖြစ် ၂၀၂၀ခုနှစ် အောက်တိုဘာလ(၂၃)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် နှင့် လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် သက်ဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
အသစ်တည်ဆောက်လိုက်သည့် အဆိုပါတံတားသစ်၏ အရှည်မှာ ပေ(၂၁၀)ရှိပြီး အကျယ်မှာ (၂၄)ပေရှိသည့်အတွက် ခွင့်ပြုတန်ချိန်(၆၀)တန်အထိ သွားလာနိုင်သည့် တံတားအား ဆောက်လုပ်ရေးဝန်ကြီးဌာနက အရေးပေါ်ရန်ပုံငွေဖြင့်  ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့က စတင်တည်ဆောက်ခဲ့ရာ ၂၀၂၀ခုနှစ် ဩဂုတ်လ(၃၁)ရက်နေ့တွင် အပြီးတည်ဆောက်နိုင်ခဲ့ကြောင်း သိရသည်။

 

"ယာယီ ဘေလီတံတားက (၄၈)တန်ထိပဲ ဖြတ်သန်းလို့ရတယ်။ တံတားအသစ်ကို အသုံးပြုလို့ ရပြီဆိုတော့ ယာဥ်ကြီးသမားတွေ ကုန်ကဲ့ရတဲ့ အခက်အခဲတစ်ခု ပြေလည် သွားတာပေါ့။ အခုထက် ပိုပြီး ဂုတ်တွင်းလမ်းပိုင်းကို လွယ်ကူချောမွေ့စွာ ဖြတ်သန်းနိုင်ဖို့ သံကူကွန်ကရစ် ဂုတ်ထိပ်တံတား အသစ်ကြီးတည်ဆောက်မယ့် စီမံကိန်းကိုလဲ အမြန်စတင် စေချင်နေပါပြီ" ဟု ရန်ကုန် - မန္တလေး - မူဆယ် ကုန်တင်ယာဥ်များ အသင်းမှ ကိုသန့်နေလတ်က ပြောသည်။
ဂုတ်တွင်းတံတားကို ၂၀၁၉ ခုနှစ် သြဂုတ်လ (၁၅)ရက်နေ့က လက်နက်ကိုင်အဖွဲ့၏ မိုင်းခွဲဖျက်ဆီးခြင်းကို ခံခဲ့ရသည့်အတွက် ကျပ်သန်းပေါင်း (၈၇၄)သန်း အကုန်အကျခံကာ ပြန်လည်တည်ဆောက်ခြင်း ဖြစ်
 Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~