သီတင်းကျွတ်ကာလအတွင်း မီးရှုးမီးပန်းရောင်းသည့် ဆိုင်ကို ရဲတပ်ဖွဲ့ဝင်က ဖမ်းဆီးအရေးယူ

သီတင်းကျွတ်ကာလအတွင်း မီးရှုးမီးပန်းရောင်းသည့် ဆိုင်ကို ရဲတပ်ဖွဲ့ဝင်က ဖမ်းဆီးအရေးယူ
အောက်တိုဘာ 31, 2020
By Tachileik News Agency
သီတင်းကျွတ်ကာလအတွင်း မီးရှုးမီးပန်းရောင်းသည့် ဆိုင်ကို ရဲတပ်ဖွဲ့ဝင်က ဖမ်းဆီးအရေးယူ 
သီတင်းကျွတ်ကာလအတွင်း မီးရှုးမီးပန်းနှင့် အသံကိုကျယ်လောင်စေသော ဗျောက်အိုးများ ရောင်းချသည့် လားရှိုးမြို့ ကုန်စိမ်းဈေး(ပလောင်ဈေး)အတွင်းရှိ ဆိုင်တစ်ဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေကာ အမှုဖွင့် အရေးယူလိုက်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ ရပ်ကွက်(၂)၊ နယ်မြေ(၁၃)ရှိ ကုန်စိမ်းဈေး(ပလောင်ဈေး)အတွင်းမှ ခင်သန္တာအေး( ခ ) ဗျားငယ်၏ ဆိုင်အား ရဲတပ်ဖွဲ့မှ ၂၀၂၀ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့ ညနေ(၄)နာရီခွဲ ဝန်းကျင်အချိန်က ဝင်ရောက်စစ်ဆေးရာ  မီးရှုးမီးပန်းနှင့်ဗျောက်အိုးများကို တွေ့ရှိ၍ သိမ်းဆည်းလိုက်ပြီး ရောင်းချသူကို အရေးယူလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ ဝင်ရောက်စစ်ဆေး ရှာဖွေရာ အာလူးဗျောက်၊ ရှူးဒိုင်း နှင့်ဗျောက်အိုးများကို တွေ့ရှိခြင်း ဖြစ်သည်။
ဆက်လက်၍ ဆိုင်ပိုင်ရှင်  ခင်သန္တာအေး( ခ ) ဗျားငယ်အား လားရှိုးမြို့မရဲတပ်ဖွဲ့က ပုဒ်မ- ၁၈၈ ဖြင့် အမှုဖွင့်ထားပြီး သီတင်းကျွတ်ကာလပြီး၍ တရားရုံးပြန်လည်ဖွင့်လှစ်မှသာ တရားရုံးသို့ ဦးတိုက် လျှောက်ထားမည်ဖြစ်ကြောင်း မြို့မရဲစခန်း စခန်းမှူးထံက သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - ရဲတပ်ဖွဲ့
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~