ကျောက်မဲမြို့နယ်အတွင်း ကြူရှောကျေးရွာ (မြောက်ပိုင်း)ရှိ တိမ်ပင်လယ်ကို Covid-19 ကာကွယ်ရေး အစီအစဉ်ဖြင့် ပြန်လည် ဖွင့်လှစ်

ကျောက်မဲမြို့နယ်အတွင်း ကြူရှောကျေးရွာ (မြောက်ပိုင်း)ရှိ တိမ်ပင်လယ်ကို Covid-19 ကာကွယ်ရေး အစီအစဉ်ဖြင့် ပြန်လည် ဖွင့်လှစ်
ဒီဇင်ဘာ 5, 2020
By Tachileik News Agency
 ကျောက်မဲမြို့နယ်အတွင်း ကြူရှောကျေးရွာ (မြောက်ပိုင်း)ရှိ  တိမ်ပင်လယ်ကို   Covid-19 ကာကွယ်ရေး အစီအစဉ်ဖြင့်  ပြန်လည် ဖွင့်လှစ်
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ကြူရှောကျေးရွာ (မြောက်ပိုင်း)ရှိ  တောင်တန်းများတွင် တိမ်ပင်လယ်လာရောက်ကြည့်ရှုကြသည့်နေရာကို ယာယီပိတ်ထားရရန် RCSS က တားမြစ်ပြီး နှစ်ရက်အကြာဖြစ်သည့် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။
လာရောက်လည်ပတ်သူများပြားသည့်အတွက် ယာယီပိတ်ထားရန် ဒီဇင်ဘာလ (၁) ရက်နေ့ကစပြီး RCSS ကဒေသခံများအား အကြောင်းကြားလာခြင်းဖြစ်ပြီး COVID 19 ကာကွယ်ရေးအစီအစဉ်များဖြင့် ပြန်လည်ဖွင့်လှစ်ရန် ညှိနှိုင်းပြီးနောက် ပြန်လည်ဖွင့်ခွင့်ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"တိမ်ပင်လယ်ကို လာလည်တဲ့အခါ တစ်ရက်ကို လူ (၂၀) ဦးလောက်ပဲ လက်ခံမယ်။ ရွာအဝင်မှာလည်း လူတိုင်းကို လက်ဆေးစေမယ်။ နယ်ကျော်လမ်းမှားပြီးရောက်မသွားဖို့ လမ်းညွှန်ဆိုင်းဘုတ်တွေလုပ်မယ် စတာတွေ တင်ပြလိုက်တော့ ပြန်ဖွင့်ခွင့်ရတယ်" ဟု ကြူရှော ( မြောက် ) ကျေးရွာမှ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ (၅) ရက်နေ့တွင် ပြောသည်။
ကိုဗစ်ကာကွယ်ရေး အစီအစဉ်များအပြင် နယ်ကျော်သွားခြင်းမရှိစေရန် လမ်းညွှန်ဆိုင်းဘုတ်များ စိုက်ထူလမ်းညွှန်ခြင်းများ လုပ်ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။
ပုံမှန်အားဖြင့် နောင်ချို တိမ်ပင်လယ်စခန်းအား သွားရောက်လည်ပတ်သူများသော်လည်း COVID 19 ကာလဖြစ်၍ ယာယီပိတ်ထားစဉ် နိုဝင်ဘာလ (၂၀) ရက်နေ့မှစ၍ ကျောက်မဲမြို့နယ်၊ ကြူရှော(မြောက်)ကျေးရွာရှိ တိမ်ပင်လယ်သို့ လာရောက်လည်ပတ်နေကြခြင်းဖြစ်သည်။
ကြူရှော(မြောက်)ရွာသို့ လာရောက်လည်ပတ်သူများပြားလာရာတွင် အချို့မှာ လမ်းမှား၍ အခြားရွာများသို့ နယ်မြေကျော်လွန်ရောက်သွားခြင်းများရှိလာ၍ ၎င်းဒေသကို ထိန်းချုပ်နေသည့် RCSS က ယာယီ ပိတ်ထားစေခဲ့ခြင်း ဖြစ်သည်။
 Tachileik News Agency
သတင်း/ဓါတ်ပုံ  - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~