တစ်သောင်းတန် ငွေအတုကျပ်သိန်း ၄၀၀ ကို ကျပ်သိန်း ၁၀၀ ဖြင့် ရောင်းချသည့်အဖွဲ့ မန္တလေးတွင် ဖမ်းမိ

တစ်သောင်းတန် ငွေအတုကျပ်သိန်း ၄၀၀ ကို ကျပ်သိန်း ၁၀၀ ဖြင့် ရောင်းချသည့်အဖွဲ့ မန္တလေးတွင် ဖမ်းမိ
ဒီဇင်ဘာ 23, 2019
By Tachileik News Agency
တစ်သောင်းတန် ငွေအတုကျပ်သိန်း ၄၀၀ ကို ကျပ်သိန်း ၁၀၀ ဖြင့် ရောင်းချသည့်အဖွဲ့ 
မန္တလေးတွင် ဖမ်းမိ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့က ငွေစက္ကူအတု ကျပ်သိန်း (၄၀၀)ကို ကျပ်သိန်း (၁၀၀)ဖြင့် ရောင်းချသည့် အမျိုးသား (၅)ဦးအား ငွေတုများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ငွေစက္ကူအတု ကျပ်သိန်း (၄၀၀) အား ကျပ်သိန်း (၁၀၀) ဖြင့် ရောင်းချပေးမည့်အဖွဲ့က ကားဖြင့်ထွက်ခွာလာစဉ် ပြည်ကြီးတံခွန် မြို့နယ်အတွင်း ဖိုးရာဇာလမ်းအနီး၌ နံနက် (၅)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ဦးစီးသည့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ်တွင် လိုက်ပါလာသည့် ကျော်ခိုင်(ခ)ပြောင်ကြီး၊ ဝေယံမင်းခင်(ခ) ဝေယံ၊ မောင်ကြီး(ခ)မြခိုင်၊ ဇော်မင်းနိုင်(ခ)ရဲလေးနှင့် ဇင်မင်းထွန်းတို့ထံမှ တစ်သောင်းကျပ်တန်ငွေစက္ကူအတု စုစုပေါင်း (၃၉၇၃) ရွက်နှင့် လက်ကိုင်ဖုန်း (၅) လုံးတို့အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ငွေစက္ကူအတုများနှင့်အတူ ဖမ်းမိသည့်အမျိုးသား (၅)ဦးကို စက်မှုနယ်မြေရဲစခန်းတွင် (ပ) ၅၅၁/၂၀၁၉၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၆/၁၀၇ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ငွေစက္ကူအတုများမှာ ကာလာပရင်တာဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ပြီး ငွေစက္ကူအစစ်ထက် အလျားနှင့်အနံ အနည်းငယ်တိုနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -  ပြည်ထဲရေး
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~