ကယားပြည်နယ် လွိုင်ကော်မြို့တွင် ရန်ကုန်က လာသူ အမျိုးသမီး(၂)ဦး၌ Covid-19 တွေ့

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ရန်ကုန်က လာသူ အမျိုးသမီး(၂)ဦး၌ Covid-19 တွေ့
ဒီဇင်ဘာ 3, 2020
By Tachileik News Agency
ကယားပြည်နယ် လွိုင်ကော်မြို့တွင် ရန်ကုန်က လာသူ အမျိုးသမီး(၂)ဦး၌ Covid-19 တွေ့
ကယားပြည်နယ်၊ လွိုင်ကော် ပညာရေးကောလိပ်တွင် ရန်ကုန်က ပြန်လာ၍ Quarantine ထားသည့် အမျိုးသမီး (၂)ဦးတွင် ဒီဇင်ဘာလ(၂)ရက်နေ့က စစ်ဆေးချက်အရ Covid-19 တွေ့ရှိကြောင်း သိရသည်။
Covid-19 ပိုးတွေ့ရှိခဲ့သူ အတည်ပြုလူနာ နှစ်ဦးတွင် အသက် (၂၁)နှစ်အရွယ် အမျိုးသမီး မှာ ဒီးမော့ဆိုမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး  ရန်ကုန်မြို့တွင် သူနာပြုအကူ လုပ်ကိုင်သူဖြစ်ကာ နိုဝင်ဘာလ(၂၂)ရက်နေ့တွင် ရန်ကုန်မှ အငှားယာဥ်ဖြင့် ပြန်ရောက်လာသူ ဖြစ်ပြီး ကျန်တစ်ဦးမှာ အသက် (၃၀)နှစ်အရွယ် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တွင် နေထိုင်သူ အမျိုးသမီးဖြစ်ပြီး ကုမ္ပဏီ ဝန်ထမ်းအလုပ် လုပ်ကိုင်ရန် ရန်ကုန်မှ လွိုင်ကော်သို့ နိုဝင်ဘာလ (၂၄)ရက်နေ့က ရောက်ရှိလာသူ ဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်အတွင်း quarantine ထားရသူ (၃၀၇)ဦး၏ ဓာတ်ခွဲ နမူနာများအား ဒီဇင်ဘာလ (၁)ရက်နေ့က တောင်ကြီးမြို့ ၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(PHL)သို့ ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ပြီး Covid-19 ပိုးတွေ့ရှိသူ နှစ်ဦး ရှိကြောင်း ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ပိုးတွေ့ရှိသူ အတည်ပြုလူနာ အသက် (၃၀)နှစ်အရွယ် အမျိုးသမီး နှင့် ရန်ကုန်မှ အတူလာခဲ့ပြီး အသွားလာကန့်သက်ခံထားရသူ (၃)ဦး၏ စစ်ဆေးချက်မှာ ပိုးမတွေ့ရှိရဘဲ အတည်ပြုလူနာ အသက် (၂၁)နှစ်အရွယ် အမျိုးသမီး နှင့် အငှားကား အတူစီးလာသူ ၏ ဆေးစစ်ချက်အဖြေမှာ စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်းသိရသည်။ 
Covid-19 ပိုးတွေ့ရှိခဲ့သူအတည်ပြုလူနာ( ၂)ဦးလုံးမှာ ကျန်းမာရေးကောင်းမွန်လျှက်ရှိပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီး သီးသန့်ကုသဆောင်တွင် စောင့်ကြပ်ကြည့်ရှုကုသပေးလျက်ရှိကြောင်း  သိရသည်။ 
ကယားပြည်နယ်တွင် ဒီဇင်ဘာလ (၂)ရက်နေ့ထိ Covid-19 ပိုးတွေ့ အတည်ပြုလူနာ (၂၆) ဦးရှိပြီ ဖြစ်ပြီး ပိုးကင်းစင်၍ ဆေးရုံဆင်းခွင့်ပြုထားသူ  (၁၇)ဦးရှိ နှင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီး တွင် ဆေးကုသမှုခံယူနေသူ (၉)ဦးရှိသည်။ 
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
ဓါတ်ပုံ - ကယားပြည်နယ် ကြက်ခြေနီ
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~