Covid-19 ကာလအတွင်း နယ်စပ်မှ ခိုးဝင်လာသူများကို လက်ခံမိခြင်း မရှိစေရန် တာချီလိတ်မှ ဟိုတယ်နှင့်တည်းခိုရိပ်သာများ အပါအဝင် အိမ်ငှားပိုင်ရှင်များကို သတိပေးထား

Covid-19 ကာလအတွင်း နယ်စပ်မှ ခိုးဝင်လာသူများကို လက်ခံမိခြင်း မရှိစေရန် တာချီလိတ်မှ ဟိုတယ်နှင့်တည်းခိုရိပ်သာများ အပါအဝင် အိမ်ငှားပိုင်ရှင်များကို သတိပေးထား
ဇွန် 18, 2020
By Tachileik News Agency
Covid-19 ကာလအတွင်း နယ်စပ်မှ ခိုးဝင်လာသူများကို လက်ခံမိခြင်း မရှိစေရန် တာချီလိတ်မှ ဟိုတယ်နှင့်တည်းခိုရိပ်သာများ အပါအဝင် အိမ်ငှားပိုင်ရှင်များကို သတိပေးထား 

နယ်စပ်မှ ခိုးဝင်လာသူများအပြင် လက်ခံထားသူများကိုပါ အရေးယူရန် ညွှန်ကြားထားသဖြင့် မြန်မာ - လာအို - ထိုင်း နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မှ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းနှင့် နေအိမ်အငှားများ  တရားမဝင် ဝင်လာသူများအား လက်ခံမိခြင်း မရှိစေရန် မြို့နယ်အုပ်ချုပ်ရေးမှူးက သတိပေးတိုက်တွန်းထားသည်။

ဥပဒေညွှန်ကြားချက်ကတော့ မသိလို့ လုပ်တယ်ဆိုရင်လည်း ခွင့်လွှတ်တယ်ဆိုတာ မရှိဘူးပေါ့နော်။ ကောင်းတာတော့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ၊ အိမ်ငှားတွေကအစ လာအိုတို့ ထိုင်းတို့က တရားမဝင် ခိုးဝင်လာတဲ့သူတွေရှိရင် လက်မခံဖို့၊ သတင်းမပို့ဘူး။ လက်ခံလည်း လက်ခံထားတယ်ဆိုရင်  လက်ခံထားတဲ့သူတွေပါ  အရေးယူသွားမှာဖြစ်ပါတယ်

ဟု တာချီလိတ်မြို့နယ် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌဖြစ်သူ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

မြန်မာနိုင်ငံအတွင်းသို့ ပြည်ပမှဝင်လာသူအားလုံးကို Quarantine ထားရှိပြီး COVID 19 စစ်ဆေးခြင်းများကို လုပ်ဆောင်နေသော်လည်း နယ်စပ်ဝင်ပေါက်များမှနေ၍ တရားမဝင် ခိုးဝင်လာသူများရှိနေ၍ ခိုးဝင်သူများနှင့် လက်ခံထားသူများကို အရေးယူမည်ဟု ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၀)ရက်နေ့၌ Coronavirus Disease 2019 (COVID 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ကြေညာထားခြင်းဖြစ်သည်။

COVID 19 ထိန်းချုပ်နိုင်ရေးအတွက် ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူများအနေဖြင့် တရားဝင်နယ်စပ်ဂိတ်များမှသာ ပြန်လာကြရန်နှင့် ကျန်းမာရေးစောင့်ကြည့်စစ်ဆေးမှုများကို လက်ခံကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပြီး COVID 19 စစ်ဆေးခြင်း၊ ကုသခြင်းများကို အခမဲ့ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

မယ်ဆိုင်ချောင်းတစ်လျှောက် လုံခြုံရေးအနေဖြင့် ရပ်ကွက်အလိုက် ပြည်သူ့စစ်ဂိတ်ဟု ခေါ်ဆိုသည့် ဂိတ်များတွင် ရဲတပ်ဖွဲ့၊ ပြည်သူ့စစ် နှင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးများမှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စောင့်ကြပ် စစ်ဆေးနေသော်လည်း ရှည်လျားသည့်နယ်စပ်ချောင်းတလျှောက် ခိုးဝင်ပေါက်များစွာ ရှိနေ၍ ထိန်းချုပ်ရခက်သဖြင့် ဒေသတွင်း ရောဂါကာကွယ်ရေးအတွက် ခိုးဝင်လာသူများတွေ့ပါက  ဒေသခံများအနေဖြင့် ရပ်/ကျေးအဖွဲ့များထံ ဆက်သွယ်သတင်းပေးကြရန် မြို့နယ်အုပ်ချုပ်ရေးမှူးက တိုက်တွန်းထားကြောင်း သိရသည်။

ထိုင်းနိုင်ငံက COVID 19 ထိန်းချုပ်နိုင်ရေးအတွက် တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ  မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားမှ လူအဝင်အထွက်ပြုလုပ်ခြင်းကို  ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှစ၍ ထိုင်းဘက်က ပိတ်ထားသော်လည်း ပြည်တော်ပြန်လိုသူများအား နှစ်နိုင်ငံညှိနှိုင်း လက်ခံပေးနေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~