တာချီလိတ်သို့ ဝင်မည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များကို မယ်ယန်းဂိတ်တွင် တစ်နေ့ (၂)ချိန် Covid-19 စစ်ပေးနေ၊ စစ်ဆေးရေးဂိတ်မှာ အစစ်မခံပါက အရေးယူမည်

တာချီလိတ်သို့ ဝင်မည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များကို မယ်ယန်းဂိတ်တွင် တစ်နေ့ (၂)ချိန် Covid-19 စစ်ပေးနေ၊ စစ်ဆေးရေးဂိတ်မှာ အစစ်မခံပါက အရေးယူမည်
အောက်တိုဘာ 20, 2020
By Tachileik News Agency

 

တာချီလိတ်သို့ ဝင်မည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များကို မယ်ယန်းဂိတ်တွင် တစ်နေ့ (၂)ချိန် Covid-19 စစ်ပေးနေ၊ စစ်ဆေးရေးဂိတ်မှာ အစစ်မခံပါက အရေးယူမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ဝင်ရောက်လာမယ့် ကုန်တင်ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်တွေကို COVID-19 နဲ့ ပတ်သက်ပြီး တစ်နေ့ (၂) ချိန် စစ်ဆေးပေးနေတဲ့အတွက် အဲဒီအချိန်တွေမှာ လာရောက်ဖို့လိုကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
တာချီလိတ်မြို့နယ်အတွင်းကို လာရောက်တဲ့သူတွေအနေနဲ့  Covid-19 စစ်ဆေးရေးဂိတ်တွေကနေဝင်ရောက်ဖို့ တိုက်တွန်းထားပြီး ခိုးဝင်ပေါက်တွေကနေလာရောက်လို့ စစ်ဆေးတွေ့ရှိရင် ထောင်ဒဏ် (၃) နှစ်ထိချမှတ်နိုင်တဲ့ ဥပဒေနဲ့ အရေးယူသွားမယ်လို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
တာချီလိတ်မြို့နယ်အတွင်းကို ကျိုင်းတုံဘက်က ဝင်ရောက်လာမဲ့ သူတွေအတွက် မယ်ယန်းကျန်းမာရေးစစ်ဆေးရေးဂိတ်မှာ စစ်ဆေးပေးနေသလို  မိုင်းတုံနဲ့ မိုင်းဆတ်ကနေဝင်ရောက်လာမဲ့သူတွေအတွက် လွယ်တော်ခမ်းနဲ့ ဟွေရဲကျန်းမာရေးစစ်ဆေးရေးစခန်းမှာလည်း  ခရီးသွားရာဇဝင်နဲ့ ကိုယ်အပူချိန်တိုင်းတာမှုတွေ လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~