တာချီလိတ်မြို့အဝင်တွင် တာချီလိတ် - မိုင်းယောင်း ကုန်တင်ယာဉ်မှ Covid-19 တွေ့ရသည့် ယာဉ်နောက်လိုက်ဆိုသူမှာ Covid-19 စစ်ဆေးချင်၍ မယ်ယန်းအကျော်တွင် စောင့်ပြီး လိုက်ပါစစ်သူ ဖြစ်နေ

တာချီလိတ်မြို့အဝင်တွင် တာချီလိတ် - မိုင်းယောင်း ကုန်တင်ယာဉ်မှ Covid-19 တွေ့ရသည့် ယာဉ်နောက်လိုက်ဆိုသူမှာ Covid-19 စစ်ဆေးချင်၍ မယ်ယန်းအကျော်တွင် စောင့်ပြီး လိုက်ပါစစ်သူ ဖြစ်နေ
ဒီဇင်ဘာ 1, 2020
By Tachileik News Agency
တာချီလိတ်မြို့အဝင်တွင် တာချီလိတ် - မိုင်းယောင်း ကုန်တင်ယာဉ်မှ Covid-19  တွေ့ရသည့် ယာဉ်နောက်လိုက်ဆိုသူမှာ  Covid-19 စစ်ဆေးချင်၍ မယ်ယန်းအကျော်တွင် စောင့်ပြီး လိုက်ပါစစ်သူ ဖြစ်နေ  
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့က (၁၆)ယောက်မြောက်အတည်ပြုလူနာအဖြစ်တွေ့ရသည့် ယာဉ်နောက်လိုက်မှာ တာချီလိတ်မှ မိုင်းယောင်းသို့သွားရန် ဆေးစစ်ခံယူခဲ့ခြင်းဖြစ်ပြီး မိုင်းယောင်းမှ ပြန်လာခြင်းမဟုတ်ကြောင်း သိရသည်။
"သူက တာချီလိတ် မကာဟိုခမ်းရပ်ကွက်မှာနေတဲ့သူလို့ပြောတယ်။ အခု မယ်ယန်းကိုဝင်လာတဲ့ ကားနှစ်စီးက ဆေးစစ်မယ်ဆိုတော့ အဲဒီကားက သူ့သူငယ်ချင်းနဲ့တူတယ်။ သူက မယ်ယန်းအကျော်ကို သွားစောင့်နေပြီး လိုက်လာပြီး အစစ်ခံတယ်ပေါ့။ သူကလည်း နောက်နေ့ မိုင်းယောင်းကို ကုန်ကားဆွဲဖို့ရှိတာမှာ မိုင်းယောင်းက ဆေးစစ်ချက်ပါမှ လက်ခံမယ်ဆိုလို့ သူကအဲဒီလို စစ်တာလို့ ပြောတယ်။ မိုင်းယောင်းသွားတဲ့ကားသမားတွေကို အရင်နေ့တွေက မစစ်ပါဘူး။ ဒီနေ့မှ လာစစ်ကြတာ။ မိုင်းယောင်းအဝင်မှာ ဆေးစစ်ထားတဲ့ထောက်ခံချက်တောင်းလို့ လို့ပြောတယ်။ "ဟု မယ်ယန်းကျန်းမာရေးစစ်ဆေးသည့်ဂိတ်တွင် ပူးပေါင်းအဖွဲ့ဖြင့် တာဝန်ကျနေသည့် လွယ်တော်ခမ်းကျေးရွာအုပ်စုအုပ်ချုပ်ရေးရုံးမှ ဦးစိုင်းခမ်းမိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ် - မိုင်းယောင်း ကုန်တင်ယာဉ် (၂)စီး မယ်ယန်းဂိတ်အဝင်တွင် အဆိုပါကုန်တင်ယာဉ်မှ ယာဉ်နောက်လိုက် အဖြစ် စာရင်းပေးသွင်းပြီး  စစ်ဆေးမှုခံယူရာမှ COVID 19 ပိုးတွေ့ရသဖြင့် အတူဆေးစစ်သူ များတွင် ပိုးမတွေ့သော်လည်း facility quarantine ပို့ထားကြောင်း သိရသည်။
အဆိုပါ ယာဉ်နောက်လိုက်မှာ မိုင်းယောင်းမှ ပြန်လာခြင်းမဟုတ်ဘဲ တာချီလိတ်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
 
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~