ရခိုင်ပြည်နယ်အတွင်း Covid-19 ပြည်တွင်း ကူးစက်မှု (၆)ဦး တပ်ထိုး၍ (၅၉)ဦးအထိ ရှိလာ

ရခိုင်ပြည်နယ်အတွင်း Covid-19 ပြည်တွင်း ကူးစက်မှု (၆)ဦး တပ်ထိုး၍ (၅၉)ဦးအထိ ရှိလာ
သြဂုတ် 23, 2020
By Tachileik News Agency
 ရခိုင်ပြည်နယ်အတွင်း Covid-19 ပြည်တွင်း ကူးစက်မှု (၆)ဦး တပ်ထိုး၍   (၅၉)ဦးအထိ ရှိလာ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြည်တွင်းကူးစက်မှုအဖြစ် COVID 19 အတည်ပြုလူနာ (၆)ဦး ထပ်တိုးတွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၃)ရက်နေ့ညပိုင်းအထိ ရခိုင်ပြည်နယ်၌ ပြည်တွင်းကူးစက်ခံရသူ (၅၉)ဦးအထိတိုးလာပြီး တစ်နိုင်ငံလုံးတွင် အတည်ပြုလူနာ (၄၅၀)အထိ တိုးလာခြင်းဖြစ်သည်။
ဓါတ်ခွဲစစ်ဆေးသည့်နေရာ (၄)နေရာတွင် ဓာတ်ခွဲနမူနာပေါင်း (၉၀၅)ခုအား စစ်ဆေးခဲ့ရာတွင် အတည်ပြုလူနာသစ် (၆)ဦးအား ထပ်မံတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ၂၀၂၀ခုနှစ် ဩဂုတ်လ(၁၆)ရက်နေ့မှ ဩဂုတ်လ(၂၃)ရက်နေ့ ည(၈)နာရီအထိ 
စစ်တွေမြို့ တွင် (၅၄)ဦး၊ မြောက်ဦးမြို့တွင် (၃)ဦးနှင့် သံတွဲမြို့တွင် (၂)ဦး ပြည်တွင်းကူးစက်မှု Covid-19 လူနာ စုစုပေါင်း (၅၉)ဦးရှိနေပြီ ဖြစ်သည်။
သြဂုတ်လ (၂၃)ရက်နေ့အထိ အတည်ပြုလူနာများမှ ဆေးရုံဆင်းခွင့်ရသူ (၃၃၅)ဦးရှိနေပြီး (၆)ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။
 Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~