မြန်မာနိုင်ငံ၏ COVID 19 ပထမဆုံး အတည်ပြုလူနာ၏ မိခင်တွင် ပိုးတွေ့ရှိ၍ အတည်ပြုလူနာ (၂၃)ဦးရှိလာ

မြန်မာနိုင်ငံ၏ COVID 19 ပထမဆုံး အတည်ပြုလူနာ၏ မိခင်တွင် ပိုးတွေ့ရှိ၍ အတည်ပြုလူနာ (၂၃)ဦးရှိလာ
ဧပြီ 9, 2020
By Tachileik News Agency

မြန်မာနိုင်ငံ၏ COVID 19 ပထမဆုံး အတည်ပြုလူနာ၏ မိခင်တွင် ပိုးတွေ့ရှိ၍ အတည်ပြုလူနာ (၂၃)ဦးရှိလာ

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၉)ရက်နေ့က ပထမသုတ်အဖြစ် ဓါတ်ခွဲအဖြေထုတ်ပြန်သည့် လူနာ (၉၂) ဦး အနက် (၁) ဦးတွင် ပိုးတွေ့ရကြောင်း ဓါတ်ခွဲအဖြေရလာပြီး ကုသမှုခံယူနေသည့် အတည်ပြုလူနာ (၁)ဦး ဆေးရုံထပ်မံ ဆင်းခွင့်ရကြောင်း သိရသည်။

ဧပြီလ (၉)ရက်နေ့ ည(၈)နာရီထုတ်ပြန်ချက်ထွက်သည် အထိ အတည်ပြုလူနာ (၂၃)ဦးတွင် ပထမဆုံး ဆေးရုံဆင်းခွင့်ရသူ (၂)ဦးနှင့် သေဆုံးသူ (၃)ဦးရှိနေခြင်းဖြစ်သည်။

ထပ်တိုးလာသည့် အတည်ပြုလူနာ (Case 23) မှာ ချင်းပြည်နယ် တီးတိန်ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် ပထမဆုံးအတည်ပြုလူနာ (case 01) ၏ မိခင် အသက် (၅၈)နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ်ကျေးရွာတွင် (Case-01) အား ဓာတ်ခွဲအတည်ပြုပြီးချိန်မှစ၍  သီးသန့်အိမ်တစ်လုံးတွင် သီးခြားခွဲခြား စောင့်ကြပ်ကြည့်ရှုခြင်း ပြီးမြောက်ခါနီးတွင် ရောဂါလက္ခဏာမပြသော်လည်း ဓါတ်ခွဲနမူနာရယူ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ကန်တော်နဒီဆေးရုံကြီးတွင် ကုသမှုခံယူနေသည့် အတည်ပြုလူနာ (Case- 04) အား နောက်ထပ် (၂) ကြိမ် ဓါတ်ခွဲစစ်ဆေးရာတွင် ပိုးမတွေ့ရတော့သဖြင့် ဧပြီလ (၈)ရက်နေ့ ညနေပိုင်းမှစ၍ ကုသဆောင်မှရွှေ့ပြောင်းကာ ဆေးရုံတွင် အသွားအလာကန့်သတ် စောင့်ကြည့်ထားကြောင်း သိရသည်။

ပထမဆုံး ဆေးရုံဆင်းခွင့်ရလူနာမှာ အတည်ပြုလူနာ (Case 07) အဖြစ် နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့သော အသက် (၅၈)နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူဖြစ်ပြီး ၎င်းအား ထပ်မံစစ်ဆေးသည့် (၂) ကြိမ် စလုံးတွင် ပိုးမတွေ့ရသဖြင့် ဧပြီလ (၈)ရက်နေ့ ညနေပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ဟိုတယ်တွင် (၁၄) ရက် စောင့်ကြပ်ကြည့်ရှုထားကြောင်း သိရသည်။

ကျန်အတည်ပြု လူနာများမှာ  ချင်းပြည်နယ်ရှိ တီးတိန်ပြည်သူ့ဆေးရုံတွင် (၂)ဦး၊  မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံတွင် (၁)ဦး၊ ရှမ်းပြည်နယ်ရှိ လားရှိုးပြည်သူ့ဆေးရုံတွင် (၁)ဦးနှင့် ကျန်လူနာ (၁၅)ဦးမှာ ရန်ကုန်မြို့ရှိ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ကုသမှုခံယူနေကြခြင်းဖြစ်သည်။

ပြည်မြို့ဆေးရုံတွင် ကုသမှုခံယူနေသည့် လူနာ (၄)ဦးရှိသည့်အနက် ဧပြီလ (၈) ရက်နေ့တွင် လူနာ (၁)ဦး သေဆုံးသွားခဲ့ပြီးနောက် ကျန်ကလေးလူနာ (၃)ဦးကို မိခင်ဖြစ်သူ အတည်ပြုလူနာ ကုသမှုခံယူနေသည့် ဝေဘာဂီ အထူးကုဆေးရုံသို့ ရွှေ့ပြောင်းပေးထားခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~