တာချီလိတ်အနီး မယ်ဆိုင်မြို့မှ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ (၂)ဦးအပါအဝင် ထိုင်းနိုင်ငံတွင် အတည်ပြု (၉၁)ဦးနှင့် သေဆုံး (၁)ဦး ထပ်တိုး

တာချီလိတ်အနီး မယ်ဆိုင်မြို့မှ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ (၂)ဦးအပါအဝင် ထိုင်းနိုင်ငံတွင် အတည်ပြု (၉၁)ဦးနှင့် သေဆုံး (၁)ဦး ထပ်တိုး
မတ် 27, 2020
By 🌸

တာချီလိတ်အနီး မယ်ဆိုင်မြို့မှ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ (၂)ဦးအပါအဝင် ထိုင်းနိုင်ငံတွင် အတည်ပြု (၉၁)ဦးနှင့် သေဆုံး (၁)ဦး ထပ်တိုး

ထိုင်းနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ (၉၁)ဦး ထပ်တိုးတွေ့ရှိသည့်အနက် မြန်မာနိုင်ငံ၊ တာချီလိတ်နှင့်နီးသည့် ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့မှ အတည်ပြုလူနာ (၂)ဦးပါဝင်ပြီး (၁)ဦးသေဆုံးသွားကြောင်း သိရသည်။

မယ်ဆိုင်မှ အတည်ပြုလူနာ တစ်ဦးမှာ ချင်းမိုင်ရှိ PUB တစ်ခု၏မန်နေဂျာဖြစ်ပြီး အလုပ်ပိတ်၍ နေရပ်ပြန်လာနေခြင်းဖြစ်ပြီး ကျန်တစ်ဦးမှာ ဘန်ကောက်မှ ပြန်လာခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတွင်း ခရိုင်(၇၆)ခုရှိသည့်အနက် ခရိုင် (၅၂)ခုတွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာများ တွေ့ထားရပြီး မတ်လ (၂၇)ရက်နေ့အထိ စုစုပေါင်း အတည်ပြုလူနာ (၁၁၃၆) ဦးတွင် စိုးရိမ်ရသည့်အခြေအနေရှိသည့် လူနာ (၁၁)ဦးအပါအဝင်(၁၀၃၄)ဦးမှာ ဆေးကုသမှုခံယူနေကာ  ပြန်လည်ကျန်းမာသွားသူ (၉၇)ဦးနှင့် သေဆုံးသူ (၅)ဦးရှိခြင်းဖြစ်သည်။

အတည်ပြုလူနာများ၏ (၈၃)ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံသားများ ဖြစ်ကြပြီး (၁၂) ရာခိုင်နှုန်းမှာ နိုင်ငံခြားသားများဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု လျှော့ချထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးများ လျှော့ချရေးအတွက် ဘတ်စ်ကားလိုင်းများ ရပ်ဆိုင်းခြင်း၊ ညမထွက်ရအမိန့်ထုတ်ပြန်ခြင်း၊ ရောဂါကူးစက်ခံရပါက ထိခိုက်မှုများနိုင်သဖြင့် ကလေးများ၊ အသက်အရွယ်ကြီးသူများနှင့် ကျန်းမာရေးမကောင်းသူများ နေအိမ်တွင်သာ နေထိုင်ရန်၊ မြို့အချို့ကို အဝင်အထွက် ကန့်သတ်ပိတ်ပင်ခြင်း၊ နိုင်ငံတွင်း နိုင်ငံခြားသားများ ဝင်ရောက်ခြင်းအား ပိတ်ပင်ခြင်းနှင့် ထိုင်းရဲနှင့်စစ်တပ်က ကိုရိုနာဗိုင်းရပ်စ်ရောဂါလက္ခဏာစစ်ဆေးရေးဂိတ်များ ပြုလုပ်ပြီး ကိုယ်အပူချိန်တိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

ယင်းအပြင် နယ်စပ်ဂိတ်များကို ထိုင်းနိုင်ငံဘက်က မတ်လ (၂၃)ရက်နေ့မှစ၍ ပိတ်ထားလိုက်သော်လည်း နေရပ်ပြန်မြန်မာလုပ်သားများက နယ်စပ်ဂိတ်များသို့ နေ့စဉ်နှင့်အမျှ ရောက်လာနေကြဆဲဖြစ်သည်။

Tachileik News Agency
သတင်း- ဇာနှင်း
Ref: penkhaonews, the Nation


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~