မကွေးတိုင်းဒေသကြီးတွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်နေ့က တစ်နေ့အတွင်း COVID 19 အတည်ပြုလူနာ (၉၇)ဦးအထိ စံချိန်တင်အရေအတွက် တိုးမြင့်လာသဖြင့် COVID 19 ကာကွယ်ရေးကို အထူးဂရုစိုက် ဆင်ခြင်ကြရန် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက သတိပေးလိုက်သည်။“အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန NHL results အရ အောက်တိုဘာလ(၂၅)ရက် ညပိုင်းမှာ မကွေးတိုင်းအနေနဲ့ စံချိန်သစ်တင်ပြီး (၉၇) ဦး ထပ်တိုးတွေ့ရှိတာကြောင့် မကွေးတိုင်းမှာ ပိုးတွေ့လူနာ စုစုပေါင်း (၄၇၄)ဦးရှိသွားပြီဖြစ်လို့ တစ်တိုင်းလုံး အထူးဂရုစိုက်ဆင်ခြင်ကြဖို့ လိုပါပြီ”ဟု မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။အသစ်ထပ်တိုးလာသည့် အတည်ပြုလူနာများမှာ ပွင့်ဖြူမြို့နယ်မှ (၃)ဦး၊ မင်းဘူးမြို့နယ်မှ (၇)ဦး၊ အောင်လံမြို့နယ်မှ (၇)ဦး၊ စလင်းမြို့နယ်မှ (၆)ဦး၊ ရေနံချောင်းမြို့နယ်မှ (၉)ဦး၊ မြို့သစ်မြို့နယ်မှ (၃၂)ဦး၊ တောင်တွင်းကြီးမြို့နယ်မှ (၃၃)ဦး၊ စုစုပေါင်း (၉၇) ဦး ထပ်တိုးတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။ထပ်တိုးလာသည့် အတည်ပြုလူနာများအနက် မြို့သစ်မြို့တွင် အတည်ပြုလူနာနှင့် ထိတွေ့သူများစွာရှိနေ၍ အထူးသတိထားကြရန် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက သတိပေးသည်။မကွေးတိုင်းအတွင်း ဆေးရုံအသီးသီး၌ ကုသမှုပေးနေရဆဲ COVID-19 အတည်ပြုလူနာ(၂၀၆)ဦး၊ ဆေးရုံဆင်းလူနာ(၂၆၈)ဦးရှိပြီး သေဆုံးမှုမရှိသေးကြောင်း သိရသည်။Tachileik News Agencyသတင်း - ဖီးနစ်
မကွေးတိုင်းဒေသကြီးအတွင်း အောက်တိုဘာလ(၂၅)ရက်နေ့ တစ်နေ့တည်းတွင် Covid-19 အတည်ပြုလူနာ (၉၇)ဦးတွေ့
Featured News
ဖေဖော်ဝါရီ 2, 2024
ဖေဖော်ဝါရီ 1, 2024
ဇန်နဝါရီ 29, 2024
ဇန်နဝါရီ 28, 2024