ထိုင်းနိုင်ငံတွင် အိုမီခရွန်ကူးစက်သူ (၆၃)ဦးရှိပြီ ဖြစ်၍ ခရီးသွားများကို Quarantine ကင်းလွတ်ခွင့်ပြုခြင်းကို ပြန်လည်စိစစ်မည်

ထိုင်းနိုင်ငံတွင် အိုမီခရွန်ကူးစက်သူ (၆၃)ဦးရှိပြီ ဖြစ်၍ ခရီးသွားများကို Quarantine ကင်းလွတ်ခွင့်ပြုခြင်းကို ပြန်လည်စိစစ်မည်

ထိုင်းနိုင်ငံတွင် ဒီဇင်ဘာလ (၂၀) ရက်နေ့အထိ အိုမီခရွန်ကူးစက်သူ စုစုပေါင်း (၆၃)ဦးအထိတိုးလာပြီး အဖြေစောင့်ဆိုင်းဆဲများလည်းရှိနေ၍ ကာကွယ်ဆေးအပြည့်အဝထိုးပြီးသည့် ခရီးသွားများကို COVID 19 စစ်ဆေးကာ quarantine ကင်းလွတ်ခွင့်ပေးနေခြင်းကို ပြင်ဆင်တော့မည်ဟု သိရသည်။

လက်ရှိ အိုမီခရွန်တွေ့ရသူများမှာ လေယာဉ်မတက်မီနှင့် ဆိုက်ရောက်တို့တွင် စစ်ဆေးသည့် COVID 19 စစ်ဆေးမှုများတွင် Negative အဖြေများရထားကြပြီး ရက်အနည်းငယ်အကြာတွင် ဖျား၍စစ်ဆေးရာမှ အိုမီခရွန်စစ်ဆေးတွေ့ကြရခြင်းဖြစ်၍ ခရီးသွားအားလုံး သတ်မှတ်နေရာများတွင် Quarantine ဝင်ရန်ပြန်လည်ပြင်ဆင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံတွင် အိုမီခရွန်ကူးစက်သူ (၂၀) ထပ်တိုး၍ စုစုပေါင်း (၆၃)ဦးအထိရှိနေပြီး ဓါတ်ခွဲအဖြေစောင့်နေဆဲများလည်းရှိနေ၍ ထပ်တိုးဖွယ်ရှိနေသည်ဟု ထိုင်းကျန်းမာရေးဌာနက ယနေ့ ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် ထုတ်ပြန်လာခြင်းဖြစ်သည်။

Source: Bangkok Post