ရခိုင်ပြည်နယ်အတွင်းမှ Covid-19 ပြည်တွင်းကူးစက်သည့် အတည်ပြုလူနာ (၅)ဦး ထပ်တိုး

ရခိုင်ပြည်နယ်အတွင်းမှ Covid-19 ပြည်တွင်းကူးစက်သည့် အတည်ပြုလူနာ (၅)ဦး ထပ်တိုး
သြဂုတ် 26, 2020
By Tachileik News Agency
ရခိုင်ပြည်နယ်အတွင်းမှ Covid-19 ပြည်တွင်းကူးစက်သည့် အတည်ပြုလူနာ (၅)ဦး ထပ်တိုး

 

ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းတို့တွင် COVID 19 အတည်ပြုလူနာ (၆)ဦးကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၆)ရက်နေ့က ထပ်တွေ့ရသဖြင့် အတည်ပြုလူနာ စုစုပေါင်း (၅၈၀)ဦး ရှိသွားပြီဖြစ်သည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ (၂)ဦး၊ စစ်တွေမြို့နယ်မှ (၃)ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှ (၁)ဦးတို့တွင် COVID 19 ပိုးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထပ်တိုးလာသည့် အတည်ပြုလူနာများတွင် အမေရိကန်မှပြန်လာ၍ လှိုင်မြို့နယ်၌  အသွားအလာ ကန့်သတ်ထားသူ (၁)ဦး၊ အတည်ပြုလူနာနှင့် ထိတွေ့သူ (၂)ဦး၊ ပြည်တွင်းကူးစက်သူ (၃) ဦးတို့ ပါဝင်ကြောင်း သိရသည်။
လက်ရှိအချိန်ထိ အတည်ပြုလူနာများအနက် သြဂုတ်လ (၂၆)ရက်နေ့အထိ ဆေးရုံဆင်းခွင့်ရသူ (၃၃၉)ဦးရှိပြီး သေဆုံးသူမှာ (၆)ဦး ရှိကြောင်း သိရှိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~