မြန်မာနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၁၅)ဦးမြောက်မှာ ပုဂ္ဂလိကဆေးခန်းမှ အမျိုးသမီးတစ်ဦး ဖြစ်နေ

မြန်မာနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၁၅)ဦးမြောက်မှာ ပုဂ္ဂလိကဆေးခန်းမှ အမျိုးသမီးတစ်ဦး ဖြစ်နေ
မတ် 31, 2020
By Tachileik News Agency

မြန်မာနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၁၅)ဦးမြောက်မှာ ပုဂ္ဂလိကဆေးခန်းမှ အမျိုးသမီးတစ်ဦး ဖြစ်နေ

နိုင်ငံခြားသားများကို ကျန်းမာရေးဝန်ဆောင်မှုပေးနေသော ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးခန်းမှ ဝန်ထမ်းအမျိုးသမီး (၁)ဦးကို COVID 19 အတည်ပြုလူနာအဖြစ် ၂၀၂၀ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်လိုက်သည့်အတွက် မြန်မာနိုင်ငံတွင် အတည်ပြုလူနာ (၁၅)ဦး ရှိလာပြီဖြစ်သည်။

 အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က မတ်လ (၃၁)ရက်နေ့၊ ည (၇) နာရီခွဲတွင် ထုတ်ပြန်သော ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွား အလာ ကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုလျက်ရှိသော လူနာ(၆၇)ဦး၏ ဓာတ်ခွဲနမူနာများအနက် အမျိုးသမီး (၁)ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါ ပိုး တွေ့ရပြီး ကျန်လူနာ (၆၆) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ အတည်ပြုလူနာသည်  နိုင်ငံခြားသားများကို ကျန်းမာရေးဝန်ဆောင်မှုပေးနေသော ပုဂ္ဂလိကဆေးခန်းတစ်ခုတွင် အလုပ် လုပ်ကိုင်လျက်ရှိသည့် ဗဟန်းမြို့နယ်၌ နေထိုင်သူ အသက် (၄၅) နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး မတ်လ (၂၇)ရက်နေ့တွင် ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း စသော လက္ခဏာများ ခံစားခဲ့ရသဖြင့် မတ်လ (၃၀) ရက်နေ့တွင် ဗဟန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ သွားရောက်ပြသခဲ့ရာ ရန်ကုန်အနောက်ပိုင်း ဆေးရုံကြီးသို့ ညွှန်းပို့ခဲ့၍ စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိ ဓါတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁၄) ဦးအနက် ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ ဆေးရုံတွင် လူနာ (၁) ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၉) ဦးနှင့် မန္တလေး မြို့၊ ကန်တော်နဒီဆေးရုံတွင် လူနာ (၁) ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁) ဦး၊ စုစုပေါင်း (၁၃) ဦး တို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပြီး ဝေဘာဂီအထူးကုဆေးရုံကြီး၊ အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ ကုသမှုပေးလျက်ရှိသည့် လူနာ (၂) ဦးအနက် (၁) ဦးမှာ မတ်လ (၃၁)ရက်နေ့တွင် သေဆုံးသွားပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် မတ်လ (၃၀)ရက်နေ့ ညနေ (၆) နာရီမှ မတ်လ(၃၁) ရက်နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၄၄) ဦး ရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~